မြန်မာနိုင်ငံမြောက်ပိုင်းရှိ လူကုန်ကူးဂိုဏ်းများကို ဖြိုခွင်းမှုနဲ့အတူ သံသယရှိသူ ၁၂ဝဝ ကျော်ကို ပြန်လည်လွှဲပြောင်းရယူခဲ့ဟု တရုတ်အစိုးရပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၈
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဆက်သွယ်ရေးနဲ့ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုများ၊ လူကုန်ကူးမှုများ ကျူးလွန် နေတဲ့ဂိုဏ်းများကို ဖြိုခွင်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိနေရာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူများအဖြစ် သံသယရှိသူ ၁၂ဝ၇ ဦးကို ပြန်လည်လွှဲပြောင်းယူနိုင်ခဲ့ကြောင်း တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာရဲတပ်ဖွဲ့ထံကနေ ပြန်လည်လွှဲပြောင်းရယူခဲ့သူတွေထဲမှာ စက်တင်ဘာ ၆ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖမ်းဆီးရမိခဲ့သူ တရုတ် နိုင်ငံသား ၄၁ ဦးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် Xishuangbanna Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့နဲ့ မြန်မာရဲတပ်ဖွဲ့တို့ အနီးကပ် ပူးပါင်းဆောင်ရွက်မှုများကြောင့် စက်တင်ဘာ ၃ ရက်ကလည်း အွန်လိုင်းကတဆင့် လိမ်လည်မှုများ ကျူးလွန်နေသူများအဖြစ် သံသယရှိသူ ၂၆၉ ဦးကို စက်တင်ဘာ ၃ ရက်က လွှဲပြောင်း ရယူခဲ့ကြောင်း သိရပါတယ်။
တရုတ်ရဲတပ်ဖွဲ့တာဝန်ရှိသူများဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေသူများ၊ လိမ်လည်မှုများကျူးလွန် နေသူများ နဲ့ အခြားရာဇဝတ်မှုကျူးလွန်နေသူများကို စုံစမ်းအရေးယူမှုများ အရှိန်မြင့်လုပ်ဆောင်လျက်ရှိနေ ကြောင်း သိရပါတယ်။ ကုလသမဂ္ဂက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အစီအရင်ခံစာထဲမှာ အာဆီယံဒေသအတွင်းရှိ မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ လူကုန်ကူးဂိုဏ်းများအခြေပြုလှုပ်ရှားနေပြီး မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်း များ လက်ထဲမှာ လူပေါင်း ၁၂ဝဝဝဝ ကျော် ပိတ်မိနေကြောင်း ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းများ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း