ရန်ကုန်တိုင်းအတွင်း MIC ပါမစ်လုပ်ငန်းသစ် ၁၁ ခု ခွင့်ပြု၊ အလုပ်အကိုင်နေရာ ၉ဝဝဝ ကျော် ဖန်းတီးနိုင်ခဲ့
NSS - စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် ဖန်တီးပေးနိုင်မည့် နိုင်ငံသားနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၁၁)ခု ကို ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂ဝ၂၃) ကြိမ်မြောက်အစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး၌ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁)ခု နှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁၁)ခုကို အတည်ပြုပေးထားကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၂ဝ၅၄ ဒဿမ ၃၂၅) သန်း နှင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၉,၂၁၆) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ် ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် down and feather အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများ ဖြစ်သည်။
ယင်း အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ တိုးမြင့်မည့်လုပ်ငန်း (၁)ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့်ကုမ္ပဏီ (၁၅) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မလေးရှား၊ ဖိလစ်ပိုင် နဲ့ အင်ဒိုနီးရှားတို့ တက်ရောက်မှာမဟုတ်ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ