အသံထက်မြန်တဲ့ဒုံးကျည်စမ်းသပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အမေရိကန်စစ်ဌာနချုပ် ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၈
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ စက်တင်ဘာ ၆ ရက်မှာ Dark Eagle အမည်ရှိ အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်စစ်ဌာနချုပ်ဟာ တာဝေးပစ်အသံထက်မြန်တဲ့ဒုံးကျည်ကို ဖလော်ရီဒါပြည်နယ် အမေရိကန်လေတပ်အခြေစိုက်စခန်းမှာ လေ့ကျင်ဖို့ အစောပိုင်းက စီစဉ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
အမေရိကန်စစ်တပ်ဟာ အသံထက်မြန်တဲ့ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်လျက်ရှိနေပေမယ့် စမ်းသပ်မှု မလုပ်ခင် အပြီးသတ်မစစ်ဆေးရသေးတဲ့အတွက် ပစ်လွှတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အမေရိကန်မီဒီယာတွေက Dark Eagle အမည်ရှိ အသံထက်မြန်တဲ့ဒုံးကျည်ကို လာမယ့် စက်တင်ဘာ ၃ဝ ရက်နေ့မှာ စမ်းသပ်ဖွယ်ရှိနေကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်စစ်တပ်ဟာ မြေပြင်က မြေပြင်တာဝေးပစ်အသံထက်မြန်တဲ့ဒုံးကျည်ကို မတ်လက စမ်းသပ်ဖို့ စီစဉ်ခဲ့ ပေမယ့် အဲဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။ အမေရိကန်ရေတပ်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂျွန်နီဝုဖ်က အသံထက်မြန်တဲ့ဒုံးကျည်စမ်းသပ်ဖို့ ဘက်ထရီကောင်းစွာ အလုပ်မလုပ်တဲ့ အခက်အခဲဖြစ်နေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
အမေရိကန်ဟာ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ပြိုင်ဘက် အသံထက်မြန်တဲ့ဒုံးကျည်ပိုင်ဆိုင်ရေး ကြိုးပမ်းနေပေမယ့် မျှော်လင့်သလောက်အောင်မြင်မှုမရဘဲဖြစ်နေကြောင်း သိရပါတယ်။ အမေရိကန်ဟာ အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့သလို မတ်လအတွင်း စမ်းသပ်ဖို့ စီစဉ်ခဲ့တဲ့ အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။
အမေရိကန်ဟာ အသံထက်မြန်တဲ့ဒုံးကျည်စမ်းသပ်မှုတွေမှာ မြန်နှုန်းအပြင် ပျံသန်းမယ့်အမြင့် အခြေအနေများနဲ့ပတ်သက်ပြီး ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း သုံးသပ်မှုများရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံ၌ အသုံးပြုနိုင်ရေ နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ