ကျန်းမာရေးမကောင်းသည့် ဂါဘွန်သမ္မတကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ဟု ဂါဘွန်စစ်အစိုးရ ပြော
Pika (NSS) - စက်တင်ဘာ ၇
ဂါဘွန်စစ်အစိုးရသည် သမ္မတအလီဘွန်ဂိုကို ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်များကြောင့် နေအိမ်အကျယ်ချုပ် ချထားခြင်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဂါဘွန်နိုင်ငံတွင် ကျင်းပသော ရွေးကောက်ပွဲတွင် သမ္မတအလီဘွန်ဂိုက မဲအများဆုံးဖြင့် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် စစ်ခေါင်းဆောင်များက အဆိုပါရွေးကောက်ပွဲသည် မသမာသော ရွေးကောက်ပွဲဖြစ်ကြောင်း ပြောဆို ကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂါဘွန်စစ်ခေါင်းဆောင်များသည် အာဏာသိမ်းယူပြီးတည်းက သမ္မတအလီဘွန်ဂိုကို နေအိမ်အကျယ်ချုပ် ချထားခဲ့ခြင်းဖြစ်ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖြုတ်ချခံခဲ့ရသော ဂါဘွန်သမ္မတအလီဘွန်ဂိုသည် ဆေးကုသမှုများခံယူရန်အတွက် လွတ်လပ်စွာခရီးသွားလာနိုင်ပြီဖြစ်ကြောင်း ဂါဘွန်စစ်အစိုးရ၏ ပြောကြားချက်ကို ကိုးကားပြီး Gabon 24 ရုပ်သံလိုင်းက စက်တင်ဘာလ(၆)ရက် ညတွင် ဖော်ပြခဲ့သည်။
ဂါဘွန်စစ်အစိုးရပြောရေးဆိုခွင့်ရှိသူ အမျိုးသားတစ်ဦး က "ကျန်းမာရေးအခြေအနေတွေကြောင့် ဂါဘွန်သမ္မတ ဟောင်းအလီဘွန်ဂိုကို လွတ်လပ်စွာခရီးသွားလာခွင့်ပေးခဲ့ပါတယ်။ အလီဘွန်ဂိုဟာ ဆေးစစ်မှုတွေလုပ်ဆောင်ဖို့ အတွက် နိုင်ငံခြားကိုလည်း ခရီးထွက်နိုင်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် သမ္မတအလီဘွန်ဂို ၎င်း၏ နေအိမ်ထဲတွင် လမ်းလျှောက်နေသည့်ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဂါဘွန်စစ်အစိုးရက ဆိုရှယ်မီဒီယာတွင်တင်ကာ ပြသခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုလောမြို့နယ်၊ မလိကျွန်းအနီးရှိ ပင်လယ်ပြင်၌ ငါးဖမ်းလှေ(၅)စင်းနှင့် လှေသူကြီးများကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ