ပုလောမြို့နယ်၊ မလိကျွန်းအနီးရှိ ပင်လယ်ပြင်၌ ငါးဖမ်းလှေ(၅)စင်းနှင့် လှေသူကြီးများကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို
NSS - စက်တင်ဘာ ၇
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မလိကျွန်းအနီးရှိ ပင်လယ်ပြင်၌ ငါးဖမ်းလှေ(၅)စင်းနှင့် လှေသူကြီးများကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၇ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် မလိကျွန်းအနီးရှိ ပင်လယ်ပြင်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့်ဒေသခံများက NSS ကို ပြောသည်။
" ပုလောမြို့နယ်ထဲမှာရှိတဲ့ မလိကျွန်းမှာပေါ့ ငှက်သိုက်တို့နဲ့ နာမည်ကြီးတယ်။ အဲဒီမှာ မနက်က PDF က ငါးဖမ်းလှေ(၅)စင်းကို ပင်လယ်ထဲမှာ ဝင်ဆင်းဖမ်းသွားပြီးတော့ လှေသူကြီးတွေနဲ့ အရေးကြီးတဲ့စာရွက်စာတမ်းတွေကို သူတို့က ယူဆောင်ပြီး ဖမ်းသွားတယ်။ လှေသူကြီးတွေကို ခေါ်သွားတယ်။ ပြီးတော့ လှေလုပ်သားနဲ့ လှေတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်" ဟု ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့်ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် နံနက် ၉ နာရီအချိန်ခန့်တွင် ငါးဖမ်းလှေ(၅)စင်းနှင့်လှေလုပ်သားများကို PDF အဖွဲ့က ပြန်လည်လွှတ်ပေးခဲ့ပြီး အရေးကြီးစာရွက်စာတမ်းများနှင့်လှေသူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ PDF အဖွဲ့သည် ပုလောမြို့နယ်ထဲမှတစ်ဆင့် ပင်လယ်ပြင်သို့ စက်လှေများဖြင့် ဆင်းကာလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
" PDF တွေက ပုလောဘက်ကနေ စက်လှေနဲ့ လာဖမ်းတာ ဖြစ်လောက်တယ်။ ပုလောနဲ့ ပလောက်တို့က ကားလမ်းမှာ PDF စိုးမိုးထားတာလေ။ အခုက ပင်လယ်ထဲအထိကို ဆင်းလာပြီးတော့ ပင်လယ်ထဲမှာ ကမ်းနီးမှာ ဝင်ဖမ်းနေတဲ့ လှေကြီးတွေကို ဝင်ဖမ်းတာပေါ့" ဟု ဒေသခံက ဆက်လက်ပြောသည်။
လက်ရှိတွင် PDF အဖွဲ့အနေဖြင့် ဆက်ကြေးကောက်ခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းသဘောမျိုးဖြင့် လှေသူကြီးနှင့် စာရွက်စာတမ်းများကို ဖမ်းဆီးယူဆောင်ထားခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအသင်းကို ကမ္ဘာ့အဆင့်သတ်မှတ်ချက် ပြန်မြင့်လာအောင် ကြိုးစားမည်ဟု အသင်းခေါင်ဆောင် မောင်မောင်လွင်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း