မန္တလေးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အဖွဲ့က ရွာလယ်လမ်းမတွင် လုပ်ကြံသတ်ဖြတ်
NSS - စက်တင်ဘာ ၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်၊ ဓားတို့ ဖြင့် ထိုးခုတ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော စက်တင်ဘာ ၅ ရက် နံနက် ၈ နာရီ ၃ဝ မိနစ်အချိန်တွင် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း ကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်လေးသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(၄)ဦးက ဆိုင်ကယ် (၂)စီးဖြင့်ရောက်ရှိလာပြီး ရွာလယ်လမ်းမပေါ်သို့ ဖမ်းဆီး ခေါ်ဆောင်သွားကာ သေနတ်၊ ဓားတို့ဖြင့် ဝိုင်းဝန်းထိုးခုတ်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့သတ်ဖြတ်ခံရမှုကြောင့် ထန်းပင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည့် ဦးကျော်လေး(၆၁)နှစ်တွင် ကျည်ထိမှန်၊ ပြတ်ရှ ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါလုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်အကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းသူကို အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူက လိင်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း