အမေရိကန်အကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းသူကို အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူက လိင်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၇
အမေရိကန်နိုင်ငံရဲ့အကျဉ်းထောင်ထဲမှာ လိင်ပြောင်းထားတဲ့အကျဉ်းသားတစ်ဦးက အမျိုးသမီးအကျဉ်းသားတစ်ဦးကို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်စော်ကားခဲ့ကြောင်း သိရပါတယ်။
လိင်ပြောင်းထားတဲ့အကျဉ်းသားတစ်ဦးဟာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားပေမယ့် အမျိုးသားတစ်ဦးလိုမျိုး ပြုမှုလုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲမှုများရှိနေခဲ့ပါတယ်။ နယူးဂျာစီပြည်နယ်ရှိ အမျိုးသမီးအကျဉ်းထောင်မှာ အမျိုးသမီးစစ်စစ်များအပြင် အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေကိုလည်း ရောနှောထားရှိကြောင်း သိရပါတယ်။
အမေရိကန်အကျဉ်းဦးစီးအနေနဲ့ အမျိုးသမီးစစ်စစ်အကျဉ်းသူများကို ကာကွယ်ပေးဖို့ မှန်ကန်တဲ့ ဆောင်ရွက်ချက် များ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း စွပ်စွဲမှုများလည်းရှိနေပါတယ်။ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်စော်ကားခံရတဲ့ အမျိုးသမီးအကျဉ်းသူဟာ လိင်ပြောင်းထားတဲ့အကျဉ်းသူကို ပြီးခဲ့တဲ့လမှာ စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အမျိုးသမီးအကျဉ်းထောင်တာဝန်ရှိသူတစ်ဦးက အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးအကျဉ်းသူတွေဟာ လိင်ပိုင်း ဆိုင်ရာစော်ကားခံရတာမျိုးရှိနေပြီး အမျိုးသမီးအဖြစ်လိင်ပြောင်းထားသူတွေရဲ့ ဆိုးရွားတဲ့အပြုအမူတွေက ဆိုးရွားနေခဲ့ကာ အမျိုးသားပုံစံမျိုးအတိုင်း ပြုမူလုပ်ကိုင်နေခဲ့ကြောင်း ပြောပါတယ်။
အမေရိကန်နိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေဟာ အမျိုးသမီးစစ်စစ် အကျဉ်းသူများကို လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုးပမ်းတာတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အငြင်းပွားမှုများရှိနေ ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံရှိ အကျဉ်းထောင်တွေထဲမှာ အမျိုးသမီးစစ်စစ်တွေနဲ့ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသူတွေ ရောနှောထားရှိမှုများကြောင့် အမျိုးသမီးစစ်စစ်အကျဉ်းသူများ ကိုယ်ဝန်ရရှိမှုများလည်း ရှိခဲ့ဖူးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် UEC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ ထွက်ခွာ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း