ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် UEC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ ထွက်ခွာ
မျိုးကြီး (NSS) - စက်တင်ဘာ ၇
ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုး ဦးဆောင်သောအဖွဲ့သည် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့(စက်တင်ဘာလ ၆ ရက်)တွင် ရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ယင်းခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း နစကမှ အသိပေးထားသည်။
ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုး ဦးဆောင်သောအဖွဲ့အနေဖြင့် ရုရှားနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်ပွဲကျင်းပပုံ လုပ်ငန်းစဉ်များ၊ မဲပေးခြင်းလုပ်ငန်းစဉ်များ နှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်များကိုလည်း လေ့လာသွားရန် ရှိကြောင်းသိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောအဖွဲ့၏ ရုရှားခရီးစဉ်သည် (၇)ရက်ခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တရုတ်၊ အိန္ဒိယနိုင်ငံတို့ကလည်း ကူညီပေးသွားရန်ရှိကြောင်း သိရသည်။
လက်ရှိတွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်လျက်ရှိပြီး မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်ပတ်သက်၍လည်း နိုင်ငံရေးပါတီများ၊ အစိုးရဌာနဆိုင်ရာဝန် ထမ်းများဖြင့် စမ်းသပ်မဲပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဈေး နှင့် နိုင်ငံခြားငွေလဲ ဈေးနှုန်းများ ပြန်လည်ကျဆင်းလာသော်လည်း အရောင်းအဝယ်အေးနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ