အင်္ဂလန်တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဒုတိယအကြိမ်မြောက်ဆွတ်ခူးရရှိခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး ဆာကာ
Pika (NSS) – စက်တင်ဘာ ၆
အာဆင်နယ်အသင်းတိုက်စစ်မှူးဆာကာသည် အင်္ဂလန်တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာလ(၅)ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အသက်(၂၂)နှစ်အရွယ် ဆာကာသည် ၂ဝ၂၂-၂ဝ၂၃ ရာသီ အကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခံရပြီး နောက် အင်္ဂလန်တစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ဆာကာသည် ၂ဝ၂၂-၂ဝ၂၃ ရာသီတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျု့ဒ်ဘယ်လင်ဟမ်က ဒုတိယနေရာတွင်ရှိနေခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟယ်ရီကိန်းက တတိယ နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဆာကာသည် အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံ(၁ဝ)ပွဲ ကစားခဲ့ပြီး (၇)ဂိုးသွင်းယူပေးနိုင်ခဲ့ ကြောင်း သိရသည်။ ထို့အပြင် ဆာကာသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် အရေးကြီးသော ဂိုး(၃)ဂိုးကို သွင်းယူပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ ဆာကာသည် အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၈)ပွဲ ကစားပေးထားပြီး ယူကရိန်းအသင်း၊ စကော့တလန်အသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမည့် UEFA EURO ၂ဝ၂၄ ခြေစစ်ပွဲတွင် ပါဝင်ကစားရန်အတွက် ပြင်ဆင်နေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာအကျပ်အတည်းကို ကြားဝင်စေ့စပ်ပေးရန် တရုတ်အစိုးရ စီစဉ်နေဟုဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း