နိုင်ဂျာအကျပ်အတည်းကို ကြားဝင်စေ့စပ်ပေးရန် တရုတ်အစိုးရ စီစဉ်နေဟုဆို
Pika (NSS) – စက်တင်ဘာ ၇
ပြီးခဲ့သည့်ဇူလိုင်လက နိုင်ဂျာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ပိတ်ဆို့အရေးယူမှုများနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများကို ကြုံတွေခဲ့ရပြီးနောက် တရုတ်အစိုးရသည် နိုင်ဂျာအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင် ရန်ရည်ရွယ်သည့် ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
နိုင်ဂျာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဂျန်းဖန်း က "တရုတ်အစိုးရဟာ ဒေသတွင်းနိုင်ငံတွေကို လေးစားမှုအပြည့် နဲ့ နိုင်ဂျာအကျပ်အတည်းကို ကြားဝင်စေ့စပ်ပေးမယ့်အခန်းကဏ္ဍကို လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်" ဟု ပြောခဲ့သည်။
နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များက ခန့်အပ်ထားသော ဝန်ကြီးချုပ် Ali Lamine Zeine နှင့် တွေ့ဆုံစဉ် အချိန်အတွင်း ဂျန်းဖန်းက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံရေးအခြေအနေများအရ တရုတ်နိုင်ငံသည် နိုင်ဂျာပြည်သူများနှင့်အတူ ရပ်တည်သော်လည်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရန် ကတိပြုထားကြောင်း ဂျန်းဖန်း က ပြောကြားခဲ့သည်။
နိုင်ဂျာစစ်ခေါင်းဆောင်များသည် ဇူလိုင်လ(၂၆)ရက်တွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတမိုဟာမက်ဘာဇွန်ကိုဖြုတ်ချကာ အာဏာသိမ်းယူခဲ့ပြီးနောက် ဒေသတွင်းနှင့် ပြည်ပနိုင်ငံများ၏ ဖိအားပေးမှု များကို ရင်ဆိုင်နေရကြောင်း သိရသည်။ နိုင်ဂျာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ကျင့်သုံးစေရန် အတွက် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းများ အပါအဝင် လိုအပ်သည့်နည်းလမ်းအားလုံးကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝိုင်း(ECOWAS) က ပြောကြားခဲ့သည်။
သံတမန်ရေးအရ ကြိုးပမ်းမှုများ မအောင်မြင်ပါက နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များကို ဆန့်ကျင်ရန် အတွက် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားရန် အသင့်အနေအထားဖြင့်ရှိနေကြောင်း (ECOWAS) က ပြီးခဲ့သည့်လ တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမေရိကန်၊ ပြင်သစ်၊ နယ်သာလန် နှင့် ဂျာမနီ နိုင်ငံတို့သည် နိုင်ဂျာနိုင်ငံတွင်ရှိသော နိုင်ငံခြားအကူအညီပေးရေး စီမံကိန်းအချို့ကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
သို့သော်လည်း တရုတ်အစိုးရသည် နိုင်ဂျာအာဏာပိုင်များ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်မည့် စီမံကိန်း အားလုံးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ဂျာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကြေးစားတပ်ဖွဲ့ Wagner ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဗြိတိန်အစိုးရ ထုတ်ပြန်ကြေညာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ