အကောက်ခွန်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းနေရာ(၁၄၀)နီးပါအတွက် အလုပ်ခေါ်ယူနေ
သန့်ဇင်(NSS) - စက်တင်ဘာ ၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းနေရာ(၁၄၀)နီးပါးအတွက် အလုပ်များခေါ်ယူနေကြောင်း သိရသည်။
အကောက်ခွန်ဦးစီးဌာနက ယနေ့(စက်တင်ဘာလ ၆)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
အလုပ်သင်ဒုတိယအကောက်အခွန်မှူးရာထူးများအတွက် နေရာ(၇၀)ဦးခေါ်ယူရာတွင် အမျိုးသား(၄၅)ဦးနှင့် အမျိုးသမီး(၂၅)ဦးပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူ အဆိုပါအကောက်ခွန်ဦးစီးဌာနတွင် စာရင်းကိုင်၊ အငယ်တန်းစာရေး၊ ဒု-လက်ထောက်ကွန်ပျူတာ၊ ယာဉ် မောင်း-၅ နှင့် အကောက်အခွန်ထိန်းနေရာများအတွက်လည်း ဝန်ထမ်းများဆက်လက်ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထိုသို့ လျှောက်လွှာများခေါ်ယူရာတွင်လည်း စာရင်းကိုင်ရာထူးအတွက်(၁၂)နေရာ၊ အငယ်တန်းစာရေးအတွက် (၁၀)နေရာ၊ ဒု-လက်ထောက်ကွန်ပျူတာနေရာအတွက် (၁၀)နေရာ၊ ယာဉ်မောင်း-၅ နေရာအတွက် (၁၅)နေရာနှင့် အကောက်အခွန်ထိန်းနေရာအတွက် (၃၀)နေရာခေါ်ယူသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာမှ ထုတ်ပြန်ထားသည်။
လာရောက်လျှောက်ထားလိုသူများအနေဖြင့် လျောက်လွှာများအား စက်တင်ဘာလ ၂၉ ရက်မှစတင်ကာ အကောက် ခွန်ဦးစီးဌာန၏ Website ဖြစ်သော www.customs.gov.mm နှင့် www.maccs.gov.mm၊ Facebook Page(MACCS)တို့တွင် Download ရယူနိုင်သည့်အပြင် နီးစပ်ရာ အကောက်အခွန်ဦးစီးဌာနရုံးများတွင် လူကိုယ်တိုင်ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
လျှောက်လွှာများအား အောက်တိုဘာလ ၂ဝ ရက်နောက်ဆုံးထားကာ ပေးပို့ရမည်ဖြစ်ပြီး အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျသော လျောက်လွှာများကို ထည့်သွင်းလက်ခံစဉ်းစားသွားမည်မဟုတ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရဖွယ်ရှိသည့်အတွက် ရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ရန် နစကဥက္ကဋ္ဌပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ