HIV ရောဂါသည်များ အပါအဝင် နာတာရှည်ရောဂါရှိသူများကို စစ်မှုထမ်းခိုင်းရန်အတွက် ဥပဒေကို ပြန်ပြင်ဆင်ခဲ့ဟု ယူကရိန်းစစ်ဘက်ပြော
Pika (NSS) - စက်တင်ဘာ ၄
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနသည် HIV ရောဂါရှိသူများ အပါအဝင် နာတာရှည်ရောဂါခံစားနေရသူများကို စစ်မှုထမ်းခိုင်းရန်အတွက် စစ်ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနသည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသောအကြောင်းအရာများစွာကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ဩဂုတ်လနှောင်းပိုင်းတွင် စတင်အသက်ဝင်ခဲ့သော ဥပဒေအသစ်အရ အသည်းရောင်အသားဝါရောဂါ၊ HIV ရောဂါ၊ တီဘီရောဂါ နှင့် သွေးနှင့်ဆိုင်သောရောဂါအမျိုးမျိုး အပါအဝင် နာတာရှည်ရောဂါရှိသူများသည် ယူကရိန်းစစ်တပ်တွင် စစ်မှုထမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစည်းမျဉ်းအသစ်တွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု အပျော့စားလက္ခဏာရှိသူများ၊ အာရုံကြောရောဂါရှိသူများ ကိုလည်း စစ်မှုထမ်းခွင့်ပြုထားကြောင်း သိရသည်။ ယူကရိန်းစစ်တပ်သည် အဆိုပါကန့်သတ်ချက်များကို ရုတ်သိမ်း ခဲ့သည့်အပြင် လေကြောင်းတပ်သား၊မရိန်းတပ်သားမျာားနှင့်အတူ တာဝန်ထမ်းဆောင်ရန် ကြိုးပမ်းနေသော တပ်သားများအတွက် ကျန်းမာရေးလိုအပ်များကိုလည်း ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းသည် နိုင်ငံတစ်ဝှမ်းတွင် စစ်သားစုဆောင်းများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအစောပိုင်းက စတင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသည် တပ်ဖွဲ့ဝင်အများအပြား နှင့် စစ်လက်နက်ပစ္စည်းအများအပြားကို ဆုံးရှုံးခဲ့ရကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။ တန်ပြန် ထိုးစစ်ဆင်မှုအတွင်း ယူကရိန်းသည် ဂျာမနီထုတ် Leopard 2 အမျိုးအစား တင့်ကားများ၊ အမေရိကန်ထုတ် တိုက်ခိုက်ရေးယာဉ်များ အပါအဝင် အနောက်အုပ်စုမှ ပံ့ပိုးပေးထားသော စစ်လက်နက်ပစ္စည်းများ နှင့် တပ်ဖွဲ့ဝင် များ ထောင်ချီဆုံးရှုံးခဲ့သော်လည်း သိသာသော ရလဒ်ထွက်ပေါ်လာခြင်းမျိုုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိတ္ထီလာမြို့တွင် လူ(၄)ဦး၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၇၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဆီခဲနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ