မိတ္ထီလာမြို့တွင် လူ(၄)ဦး၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ်သိန်း(၇၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဆီခဲနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - စက်တင်ဘာ ၄
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၂)ဦး၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ်(၆၆၈)သိန်း တန်ဖိုးရှိ ဘိန်းဆီခဲနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးများကို မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ (စက်တင်ဘာလ ၃ရက်)၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းကားဂိတ်တွင် ဒေါ်သန်းသန်းဌေး၊ ဒေါ်မာရွှေ၊ သီဟနှင့် ချစ်မင်းသူတို့အား မသင်္ကာသဖြင့် စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့၏ ကျောပိုးအိတ်များအတွင်းမှ သိန်း(၅၄၀)တန်ဖိုးရှိ ဘိန်းဆီခဲအလေးချိန်(၃၀)ကီလိုနှင့် (၁၂၈)သိန်းတန်ဖိုးရှိ ဘိန်းစိမ်းအလေးချိန် (၁၆)ကီလိုကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မွန်းလွဲ ၁နာရီခွဲအချိန်တွင် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ဒေါ်သန်းသန်းအေးအား ၎င်းနေထိုင်သည့် ပေါက်ချောင်း(တိုးချဲ့)ရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ယမန်နေ့ (စက်တင်ဘာလ ၃ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မူဆယ်မြို့မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ခရီသည်တင်ကားအား စစ်ဆေးရှာဖွေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရဿည်၊
ထိုသို့ စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်မာဘောက်(ခ)ဂျာဘောက် သယ်ဆောင်လာသည့် လက်ဆွဲခြင်းအတွင်းမှ ငွေကျပ်(၁၃၂)သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန်(၄၄၀)ဂရမ်နှင့် ငွေကျပ်(၄၈၆)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၃၂၄၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့(၆)ဦးအား သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့မှတစ်ဆင့် တရုတ်ဘက်သို့ (၇)ရက်တာ သွားရောက်လည်ပတ်နေထိုင်ခွင့်ရရှိမည့် တစ်ခါသုံးကတ်များကို ယနေ့စတင်ထုတ်ပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း