ချက်နိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ+၃ ရုပ်ရှင်ပွဲတော်၌ မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတစ်ကား ပါဝင်ပြသမည်
ယွန်း (NSS) - စက်တင်ဘာ ၄
အာဆီယံ+၃ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံအနေဖြင့် "တိမ်တွေပေါ်ကပန်း"အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ပါဝင်ပြသမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ စက်တင်ဘာလ(၂)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အာဆီယံ+၃ ရုပ်ရှင်ပွဲတော်ကို ချက်နိုင်ငံ၊ ပရာ့ဂ်မြို့နယ်(၁)၊ မြူနီစပယ်စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံတွင် စက်တင် ဘာလ(၁)ရက်မှ စက်တင်ဘာလ(၉)ရက်အထိ နေ့စဥ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်၌ အာဆီယံနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများကို ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒါရိုက်တာဇင်ယော်မောင်မောင်ရိုက်ကူးထားသည့် "တိမ်တွေပေါ်ကပန်း"ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ လ(၈)ရက်တွင် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
အာဆီယံရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် (၂၀၁၄)ခုနှစ်တွင် (၅)ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါရုပ်ရှင်ပွဲတော်တွင် "ကယန်းအလှ"၊ "ကြိုးတန်း"နှင့် "ပန်းကြာဝတ်မှုန်" စသည့် ရုပ်ရှင်ဇာတ်ကား(၃)ကားကို ပြသခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာငြိမ်းချမ်းရေးအစီအစဉ်များကို ပြန်လည်သုံးသပ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ