မြန်မာငြိမ်းချမ်းရေးအစီအစဉ်များကို ပြန်လည်သုံးသပ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၄
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာငြိမ်းချမ်းရေးအစီအစဉ်များကို စက်တင်ဘာလ ၄ ရက်နေ့မှာ ပြန်လည်သုံးသပ်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက "အာဆီယံခေါင်းဆောင်တွေရဲ့လုပ်ပိုင်ခွင့်ပေးထားတဲ့အတွက် ကျွန်မတို့ဟာ အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှုတွေကို ပြန်လည်သုံးသပ်သွားမှာပါ။ အာဆီယံခေါင်းဆောင်တွေကို မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး လိုအပ်တဲ့အကြံဉာဏ်တွေပေးနိုင်ဖို့ ပြင်ဆင်သွားမှာ ပါ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုများ ရရှိမယ်ဆိုရင် အာဆီယံအဖွဲ့ဟာ စွမ်းအားအပြည့်နဲ့ ရှေ့ကိုချီတက်နိုင်မှာပါ" လို့ ပြောပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေး၊ တောင်တရုတ်ပင်လယ်အရေး နှင့် ဒေသအတွင်း စီးပွားရေး၊ ရာဇဝတ်မှုများအပြင် အခြားကိစ္စများကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ၂ဝ၂၁ ခုနှစ် ဧပြီလအတွင်းက နစကအကြီးအကဲနဲ့ တွေ့ဆုံ ဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါအာဆီယံ သဘောတူညီချက်တွေထဲမှာ ပါဝင်တဲ့အချက်များကို သိသာတိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိ သေးဘူးလို့လည်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံရေးအခက်အခဲဟာ အာဆီယံအဖွဲ့ရဲ့ စုစည်း ညီညွှတ်မှုများ အပြင်ထိရောက်စွာဆောင်ရွက်နိုင်စွမ်းကို မေးခွန်းထုတ်စရာဖြစ်လာစေခဲ့ကြောင်း သိရပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များအစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပ သွားမှာဖြစ်ကြောင်း သိရပါတယ်။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရေးအခက်အခဲများကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး နစက အပါအဝင် မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့စည်းများနဲ့ အကြိမ်ပေါင်း ၁၄၅ ကြိမ် ဆက်သွယ်ဆွေးနွေး ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများ ဆန်ဈေးနှုန်းသက်သာစေရန် နည်းလမ်း(၆)မျိုးဖြင့် ဆန်ဖြန့်ဖြူးရောင်းချပေးနေကြောင်း MRF အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ