အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို နေပြည်တော်၌ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး တက်ရောက်ရန်ရှိ
မျိုးကြီး (NSS) - စက်တင်ဘာ ၄
အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအားလုံး တက်ရောက်ရန်ရှိကြောင်း သတင်းရရှိသည်။
(၁၉)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (19th ASEAN Air Chiefs Conference)ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ လာအိုနိုင်ငံတွင် ကျင်းပခဲ့သည်။
မကြာခင်အချိန်တွင် အကြိမ်(၂၀)မြောက်အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို နေပြည်တော်၌ စက်တင်ဘာလ ၁၃ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို အတည်ပြုထား သည်။
ထို့ပြင် ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များက တက်ရောက်ရန်ရှိကြောင်း မြန်မာ့တပ်မတော်(လေ)မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ဆက်လက်ပြောသည်။
“အခု AACC အစည်းအဝေးမှာ မြန်မာနိုင်ငံက ဥက္ကဋ္ဌ လုပ်ရမှာပေါ့။ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဦးစီး ချုပ်(လေ)တွေ အကုန်လာလိမ့်မယ်။ နေပြည်တော်ကို အကုန်လာကြမှာပါ။ စက်တင်ဘာ ၁၂၊ ၁၃ လောက်မှာ အစည်းအဝေးကို စလုပ်မယ်။ အာဆီယံနိုင်ငံတွေက အကုန်လုံးလာဖို့ confirm ဖြစ်ပါတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိတွင် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်က တာဝန်ယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့်ပြည်ပက ၂၄ နာရီအတွင်း သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း