တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဩစတြေးလျအစိုးရပြော
Pika (NSS) - စက်တင်ဘာ ၃
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် လာမည့်သီတင်းပတ်တွင် စက်မှုလုပ်ငန်း၊ အစိုးရ၊ ပညာရပ် ဆိုင်ရာ၊ မီဒီယာနှင့် အနုပညာဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဩစတြေးလျအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။
ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှုတို့အပြင် ဒေသအတွင်း၊ နိုင်ငံတကာလုံခြုံရေးတို့နှင့်ပတ်သက်ပြီး လာမည့် စက်တင်ဘာလ(၇)ရက်တွင် တရုတ်နိုင်ငံနှင့်ဆွေးနွေးမည့်ကိစ္စရပ်များဖြစ်ကြောင်း ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong က ပြောကြားခဲ့သည်။ တရုတ် နှင့် ဩစတြေးလျနိုင်ငံကြား အဆင့်မြင့်ဆွေးနွေးပွဲကို ၂ဝ၁၄ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသည် နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများကို ပိုမိုမြှင့်တင်ရန် နှင့် နှစ်နိုင်ငံကြားဆက်ဆံရေးကို တည်ငြိမ်စေရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ကြောင်း Penny Wong က ပြောကြားခဲ့သည်။
ဩစတြေးလျကုန်သွယ်ရေးဝန်ကြီးဟောင်း Craig Emerson က "ဒီဆွေးနွေးပွဲဟာ တရုတ်နိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်မှုတွေကို ပိုမိုမြှင့်တင်ဖို့အတွက် အခြေခံအချက်ကိုရှာဖွေနိုင်မယ့် အခွင့်အလမ်းတစ်ခုပါပဲ" ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Li Zhaoxing က ဦးဆောင်မည်ဖြစ် ကြောင်းလည်း သိရသည်။ တရုတ် နှင့် ဩစတြေးလျနိုင်ငံကြား နှစ်ပေါင်းများစွာ တင်းမာမှုများရှိခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းရန်အတွက် ဆွေးနွေးပွဲကို ယခုကဲ့သို့ပြန်လည် စတင်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး၌ ဆိုင်ကယ်ပွဲစားတန်းဥက္ကဋ္ဌ ပစ်ခတ်လုပ်ကြံခံခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ