နိုင်ဂျာနိုင်ငံအတွင်းရှိ တပ်ဖွဲ့များကို ရုတ်သိမ်းပေးရန် ပြင်သစ် စစ်အခြေစိုက်စခန်းအနီးတွင် လူထောင်ချီဆန္ဒပြ
Pika (NSS) - စက်တင်ဘာ ၃
ပြီးခဲ့သည့်လအတွင်း အာဏာသိမ်းမှုဖြစ်ပွားထားသော နိုင်ဂျာနိုင်ငံတွင် တပ်စွဲထားသော ပြင်သစ်တပ်ဖွဲ့များကို ရုတ်သိမ်းပေးရန်အတွက် စက်တင်ဘာလ(၂)ရက်က Niamey မြို့တွင် လူထောင်ချီစုဝေးကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
နိုင်ဂျာနိုင်ငံတွင် ပြင်သစ်တပ်ဖွဲ့များ ထားရှိမှုကို ဆန့်ကျင်သော အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံအတွင်းမှ ထွက်ခွာကြရန် တောင်းဆိုပြီးနောက် ဆန္ဒပြသူများသည် ပြင်သစ်စစ်သားများရှိသည့် အခြေစိုက်စခန်းအနီးတွင် စုဝေးကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြသူများသည် "ပြင်သစ်တပ်ဖွဲ့များ ငါတို့နိုင်ငံကထွက်သွား" ဆိုသည့်စာတန်းများကို ကိုင်ဆောင်ထားခဲ့ကြ ကြောင်း သိရသည်။ နေ့လည်ပိုင်းတွင် ထပ်မံရောက်ရှိလာသော ဆန္ဒပြသူများကြောင့် ပြင်သစ်စစ်အခြေစိုက်စခန်း အနီးတွင် ဆန္ဒပြသူများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ(၂၆)ရက်တွင် နိုင်ဂျာစစ်ခေါင်းဆောင်မျာားသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသော သမ္မတမိုဟာမက်ဘာဇွန်ကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မိုဟာမက်ဘာဇွန်ကိုထောက်ခံသည့် ပြင်သစ်၏ရပ်တည်ချက်ကြောင့် နိုင်ဂျာ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ပြင်သစ်အစိုးရကြား ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၃)ရက်တွင် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များသည် ပြင်သစ်နှင့် စစ်ရေး သဘောတူညီ ချက်(၅)ခုကို ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် နိုင်ဂျာစစ်အာဏာသိမ်း ခေါင်းဆောင်များသည် ပြင်သစ်သံအမတ်ကြီး Sylvain Itte ကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ကြောင်းလည်း သိရသည်။
နိုင်ဂျာနိုင်ငံအတွင်းမှ ထွက်ခွာရန် Sylvain Itte ကို စစ်အာဏာသိမ်းခေါင်းဆောင်မျာားက အချိန်(၄၈)နာရီ ပေးထား သော်လည်း ပြင်သစ်သံအမတ်ကြီးသည် နိုင်ဂျာတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်က ဩဂုတ်လ(၂၈)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ကြောင့် နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များသည် ပြင်သစ်သံအမတ်ကြီးကို သံတမန်ရေးအရ ကာကွယ်ပေးမှုများအာား ရုတ်သိမ်းခဲ့ပြီး ၎င်းကို နိုင်ငံအတွင်းမှ အမြန်ဆုံးနှင်ထုတ်ရန် နိုင်ဂျာရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဦးမြို့နယ်ရှိ ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ