ရေဦးမြို့နယ်ရှိ ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
NSS - စက်တင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာအတွင်းသို့ PDF အဖွဲ့က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၉)နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံး၍ အမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်၊ နံနက် ၇နာရီအချိန်တွင် ရေဦးမြို့နယ်၊ အောင်သာယာကျေးရွာအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါကျေးရွာအား PDF အဖွဲ့က ကျေးရွာ၏ဘေးပတ်လည်မှဝိုင်းရံကာ လက်လုပ်စိန်ပြောင်းများဖြင့် ဝိုင်းဝန်းပစ် ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအနီး လယ်ကွင်းများအတွင်း နှင့် ကျေးရွာအတွင်းသို့ စိန်ပြောင်းဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာတွင် နေထိုင်သူများဖြစ်သည့် မဖြူဖြူဝင်း(၄၂)နှစ်နှင့် သမီးဖြစ်သူ မဝေဖြိုးကျော်(၉)နှစ်အပြင် ဒေါ်အေးပု(၈၇)နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံနေစဉ် အခင်းဖြစ်စဉ်က ရရှိခဲ့သည့် ဒဏ်ရာများကြောင့် မဝေဖြိုးကျော်သည် သေဆုံးသွားခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အထက်ပါတိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် အကြမ်းဖက်သမာများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့တွင် ဆာလာအိတ်အတွင်းမှ သိန်း(၃၀၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း