မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှခေါ်ယူနေသည့် ဝန်ထမ်း(၁၄၀)ကျော်၌ မူလတန်းအောင်မြင်ပြီးသူများပါ ဝင်ရောက်လျှောက်ထားနိုင်ဟုဆို
ယွန်း(NSS) - စက်တင်ဘာ ၃
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှိ ရာထူးနေရာ(၆)ခုတွင် အလုပ်လုပ်ကိုင်ရန် ဝန်ထမ်း(၁၄၀)ကျော်ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနမှ ယနေ့(စက်တင်ဘာလ ၃ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာ၏ ကြော်ငြာကဏ္ဍတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှိ အငယ်တန်းစာရေးရာထူးတွင် ဝန်ထမ်းဦးရေ(၅၀)ကိုခန့်အပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးသူ ကွန်ပျုတာကျွမ်းကျင်စွာ အသုံးပြုတတ်သူဖြစ်ရန်လိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ငွေကိုင်(၄)ရာထူးနေရာတွင်လည်း (၂၅)ဦးခန့်အပ်သွားမည်ဖြစ်ပြီး ဒု-လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးတွင် ဝန်ထမ်း(၄၄)ဦး ခန့်အပ်သွားမည်ဖြစ်သည်၊
အလားတူ ယာဥ်မောင်း(၅)နေရာတွင် (၄)ဦး၊ ရုံးအကူ/စာပို့နေရာတွင် (၁၀)ဦးခန့်အပ်မည်ဖြစ်ရာ ရုံးအကူ/စာပို့များအနေဖြင့် အခြေခံပညာအလယ်တန်းအောင်မြင်သူဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် အခြေခံပညာမူလတန်းအောင်မြင်သူများအနက်မှ အစောင့်နေရာအတွက် (၁၀)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်းဦးရေစုစုပေါင်း(၁၄၃)ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါရာထူးနေရာများကို ရုံးချုပ်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် အသီးသီးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် လျှောက်လွှာပုံစံအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)နှင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ဘဏ်ခွဲအသီးသီးတို့တွင် ထုတ်ယူနိုင်ပြီး စက်တင်ဘာလ(၂၉)ရက် နောက်ဆုံးထား လျှောက်ထားရန် ထုတ်ပြန်ထားသည်။
၎င်းတို့အား အောက်တိုဘာလ(၁၄)ရက်မှစ၍ အောက်တိုဘာလ(၁၆)ရက်အထိ ရာထူးနေရာအသီးသီးအလိုက် အရည်အချင်းစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြေဆိုခွင့်ရရှိသူများ၏စာရင်းများကို အောက်တိုဘာလ(၁၂)ရက်တွင် ရုံးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ်ခွဲများတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
DRC မှာ တရားမဝင် ရွှေတင်ဆောင်လာတဲ့ ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရ၊ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၂ ဦး ပါဝင်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ