DRC မှာ တရားမဝင် ရွှေတင်ဆောင်လာတဲ့ ယာဉ်တန်းတစ်ခု တိုက်ခိုက်ခံရ၊ သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၂ ဦး ပါဝင်နေ
ရောင်နီ (NSS) - စက်တင်ဘာ ၃
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC) အရှေ့ပိုင်းမှာ ဥပဒေမဲ့ ရွှေတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရပြီး တရုတ်နိုင်ငံသားနှစ်ဦး နဲ့ အခြားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ သောကြာနေ့ (စက်တင်ဘာ ၁ ရက်) က တောင်ကီဗူးပြည်နယ်၊ ဖီဇီ ဒေသရှိ ကင်ဘီမြစ်အနီးမှာ ဖြစ်ပွားခဲ့တာပါ။ နေရာတစ်ခုမှ တရားမဝင် ရွှေတွေ တင်ဆောင်လာတဲ့ TSM Mining မှ မော်တော်ယာဉ် လေးစီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တိုက်ခိုက်သူတွေက ရွှေပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဖီဇီ မှ တာဝန် ရှိသူ ဆာမီ ဘာဒီဘန်ဂါ ကာလိုဒ်ဂျီ က ပြောကြားခဲ့ပါတယ်။
သေဆုံးသူ ၂ ဦးဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ကျန်၂ ဦးကတော့ DRC မှ စစ်သားတစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း တရုတ်သတ္တုတွင်းဝန်ထမ်းတစ်ဦး၊ ဒေသခံနှစ်ဦး၊ အခြားစစ်သား တစ်ဦး၊ မိုင်းလုပ်သားတစ်ဦး စုစုပေါင်း ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ အိမ်နီးချင်း မနီမာဒေသက ဖြစ်တယ်လို့ ယူဆထားပါတယ်။
တရုတ်နိုင်ငံဟာ အကျိုးအမြတ်များတဲ့ ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်းအတွက် DRC မှာ အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါတယ်။ အခုဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ တောင်ကီဗူးဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှု အများအပြား ဖြစ်ပွားလေ့ရှိရာ နေရာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာနိုင်ငံအတွင်းရှိ တပ်ဖွဲ့များကို ရုတ်သိမ်းပေးရန် ပြင်သစ် စစ်အခြေစိုက်စခန်းအနီးတွင် လူထောင်ချီဆန္ဒပြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း