နိုင်ဂျီးရီးယားမြောက်ပိုင်း ဗလီတစ်ခုမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝတ်ပြုကိုးကွယ်သူ ခုနှစ်ဦးကို သတ်ဖြတ်
ရောင်နီ (NSS) - စက်တင်ဘာ ၃
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်ရှိ ဗလီတစ်ခုမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံးဝတ်ပြုသူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က စနေနေ့ (စက်တင်ဘာ ၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ပြည်နယ်ရဲ့ အိုင်ကာရာဒေသန္တရ အစိုးရဧရိယာရှိ ဆာရာ ကျေးရွာ ဗလီမှာ သောကြာနေ့ (စက်တင်ဘာ ၁ ရက်) နှောင်းပိုင်းက ဝတ်ပြုကိုးကွယ်သူတွေ စုဝေးဆုတောင်းနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်တယ်လို့ ကာဒူနာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မန်ဆာဟာရူနာ က ပြောကြားပါတယ်။
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဆောင်ကုသခဲ့ကြောင်း ဟာရူနာ က ပြောကြားခဲ့ပါတယ်။ ရွာမှနေထိုင်သူ မျက်မြင်သက်သေတစ်ဦးက "ဆုတောင်းနေချိန် ဗလီအတွင်း လူငါးဦး သေနတ်ထိမှန်ခဲ့ပြီး ကျန်နှစ်ဦးဟာ ရွာအဝန်းအဝိုင်းအတွင်းမှာပဲ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်" လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ လက်နက်ကိုင် လူဆိုးဂိုဏ်းတွေက လူထောင် ပေါင်းများစွာကို ပြန်ပေးဆွဲခဲ့ပြီး လူရာနဲ့ချီထိ သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အလယ်ပိုင်းဒေသ အကြမ်းဖက်လယ်သမားတွေနဲ့ ဂိုဏ်းဂဏပဋိပက္ခများဖြစ်ပွားမှု၊ မြောက်ပိုင်း၊ အရှေ့ တောင်ဘက်မှ ခွဲထွက်ရေးအုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကို နှိမ်နင်းလျက်ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှခေါ်ယူနေသည့် ဝန်ထမ်း(၁၄၀)ကျော်၌ မူလတန်းအောင်မြင်ပြီးသူများပါ ဝင်ရောက်လျှောက်ထားနိုင်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ