အာဏာသိမ်းယူပြီးနောက် ပိတ်ထားခဲ့သောနယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ဂါဘွန်စစ်အစိုးရကြေညာ
Pika (NSS) - စက်တင်ဘာ ၃
ဂါဘွန်စစ်ခေါင်းဆောင်များသည် သမ္မတအလီဘွန်ဂိုကို ရာထူးမှဖြုတ်ချကာ အာဏာသိမ်းယူခဲ့ပြီးနောက် နယ်စပ်များကို ပိတ်ထားခဲ့သော်လည်း အာဏာသိမ်းယူမှုဖြစ်ပွားပြီး သုံးရက်အကြာ စက်တင်ဘာလ(၂)ရက်တွင် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ဗိုလ်ချုပ် Brice Oligui Nguema ဦးဆောင်သော စစ်ခေါင်းဆောင်များသည် ဩဂုတ်လ(၃ဝ)ရက်တွင် အာဏာသိမ်း ယူခဲ့ပြီး သမ္မတအလီဘွန်ဂိုကို နေအိမ်အကျယ်ချုပ်ချထားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဂါဘွန်စစ်ခေါင်းဆောင်များသည် ဗိုလ်ချုပ် Brice Oligui Nguema ကို နိုင်ငံခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး သမ္မတအလီဘွန်ဂိုမိသားစု၏ (၅၆)နှစ်ကြာအုပ်ချုပ်မှုကို အဆုံးသတ်ခဲ့သည်။ အနောက်အာဖရိက နှင့် ဗဟိုအာဖရိကတို့တွင် သုံးနှစ်အတွင်း အာဏာသိမ်းယူမှု(၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်(၂ဝ) အတွင်း လုပ်ဆောင်နိုင်ခဲ့သော ဒီမိုကရေစီတိုးတက်လာမှုများကို ဖျောက်ဖျက်ပစ်မည့် စစ်အာဏာသိမ်းမှုများ ဒေသအတွင်း တွင် ပျံနှံ့လာမည့်အပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဂါဘွန်စစ်အာဏာသိမ်းခေါင်းဆောင်များသည် အရပ်သားအစိုးရကို ပြန်လည်ထူထောင်ရန် နိုင်ငံတကာက ဖိအား ပေးမှုများကို ခံနေရသော်လည်း ရွေးကောက်ပွဲကို အလောတကြီးလုပ်ဆောင်မည်မဟုတ်ကြောင်း စက်တင်ဘာလ (၁)ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ဂါဘွန်စစ်အစိုးရသည် တရားဥပဒေစိုးမိုးရေး၊အိမ်နီးချင်းနိုင်ငံများအပြင် အခြားနိုင်ငံများအားလုံးနှင့် ကောင်းမွန် သောဆက်ဆံရေးများ ရှိစေရန်နှင့် နိုင်ငံတကာ ကတိဝတ်များကို ဆက်လက်ထိန်းသိမ်းထားချင်သောကြောင့် ကုန်းမြေ၊ ရေကြောင်း နှင့် လေကြောင်းနယ်နိမိတ်များကို ပြန်လှစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အလီဘွန်ဂိုသည် ဂါဘွန်နိုင်ငံကို ၁၉၆၇ ခုနှစ်မှ စတင်အုပ်ချုပ်လာသော အိုမာဘွန်ဂို၏ သားဖြစ်ပြီး ၂ဝဝ၉ ခုနှစ်တွင် ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ဂါဘွန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတအဖြစ် သုံးကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျီးရီးယားမြောက်ပိုင်း ဗလီတစ်ခုမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝတ်ပြုကိုးကွယ်သူ ခုနှစ်ဦးကို သတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ