လီဗာပူးလ်တိုက်စစ်မှူး ဆာလက်ကိုခေါ်ယူနိုင်ရန်အတွက် ပေါင်သန်း(၂၀၀)ဖြင့် ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေတဲ့ ဆော်ဒီအာရေးဗျကလပ်
Pika (NSS) - စက်တင်ဘာ ၂
ဆော်ဒီအာရေးဗျကလပ် Al-Ittihad သည် လီဗာပူးလ်တိုက်စစ်မှူးဆာလက်ကို ခေါ်ယူရန်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀၀)ဖြင့် ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။
Al-Ittihad အသင်းသည် ဆာလက်ကို ခေါ်ယူရန်အတွက် ပေါင်သန်း(၁၅၀)ဖြင့် အစောပိုင်းတွင် ကမ်းလှမ်းခဲ့သော်လည်း လီဗာပူးလ်အသင်းက ပယ်ချခဲ့ကြောင်းသိရသည်။ ဆာလက်အပြောင်းအရွှေ့အတွက် Al-Ittihad အသင်းတာဝန်ရှိသူများနှင့် လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် ဆွေးနွေးမှုများကို အချိန်အတော်ကြာ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အသင်းနှစ်သင်းကြား ဆွေးနွေးမှုများရှိနေသော်လည်း လီဗာပူးလ်အသင်းသည် ဆာလက်ကို အသင်းတွင် ဆက်ထားရန် အလိုရှိနေကြောင်းလည်းသိရသည်။
သို့သော်လည်း လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နှစ်ရက်အတွင်း ဆာလက်နေရာတွင် အစားထိုးရန်အတွက် ကစားသမားအသစ် ခေါ်ယူရန် ကြိုးပမ်းမှုများကို လုပ်ဆောင်ခဲ့ကြောင်းသတင်းများလည်းထွက်ပေါ်နေသည်။ Al-Ittihad အသင်းသည် ဆော်ဒီပရိုလိဂ်အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်အချိန် စက်တင်ဘာလ(၇)ရက်အထိ လီဗာပူးလ်တိုက်စစ်မှူးဆာလက်ကို ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားနိုင်ဖွယ်ရှိနေကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်ရိုကိုမှ ခရီးသွားများ အယ်လ်ဂျီးရီးယားရေပြင်ကို လမ်းလွဲရောက်ရှိခဲ့ပြီးနောက် ပစ်သတ်ခံခဲ့ရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း