မော်ရိုကိုမှ ခရီးသွားများ အယ်လ်ဂျီးရီးယားရေပြင်ကို လမ်းလွဲရောက်ရှိခဲ့ပြီးနောက် ပစ်သတ်ခံခဲ့ရ
ရောင်နီ (NSS) - စက်တင်ဘာ ၂
ပြင်သစ်-မော်ရိုကို ခရီးသွား အမျိုးသားနှစ်ဦးသည် မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယားနယ်စပ်မှာရေလွှာစကူတာ စီးရင်း မတော်တဆ နယ်စပ်ဖြတ်ကျော်မိပြီးနောက် ပစ်သတ်ခံခဲ့ရတယ်လို့ မော်ရိုကိုမီဒီယာက ဖော်ပြပါတယ်။
အဆိုပါ ဖြစ်ရပ်ဟာ ဂျက်စကိတ်စီးရင်း ပင်လယ်ပြင်ကို စူးစမ်းလေ့လာတဲ့ အမျိုးသားငါးဦး အဖွဲ့ပျောက်ဆုံးသွားပြီးနောက် အင်္ဂါနေ့(သြဂုတ်လ ၂၉ ရက်) က ဖြစ်ပွားခဲ့တာပါ။ ဖြစ်ရပ်ကြောင့် သေဆုံးမှုကိုတော့ သောကြာနေ့ (စက်တင်ဘာလ ၁ ရက်)မှာ အတည်ပြုခဲ့ပါတယ်။ မိုဟာမက်ကစ်စီနဲ့ ဘီလ်ကစ်စီတို့ ညီအစ်ကို ၂ ဦး၊ ၎င်းတို့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ အက်ဒယ်လ်လာလီမီချိုရာနဲ့ စမိုင်းစနပ်ဘီတို့ဟာ မိုရိုကန်မြို့၊ ဆိုင်ဒီယာရေပြင်မှ စကူတာစီးပြီး အပန်းဖြေအားလပ်ရက် ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ၎င်းတို့ရဲ့စကူတာတွေဟာ ဓာတ်ငွေ့နည်းလာခဲ့ပြီး မျောပါသွားခဲ့ကာ နယ်စပ်ဖြတ်ကျော်မိပြီးနောက် ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
၎င်းတို့ထဲက ဘီလာ နဲ့ အက်ဒယ်လာလီမီချိုရာဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး စမိုင်းစနက်ဘီကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်ရှင်ကျန်သူ ၂ ဦးဟာ ရေထဲခုန်ဆင်းပြီး မော်ရိုကို နိုင်ငံဘက်ကို ပြန်ကူးခတ်နိုင်ခဲ့ကြလို့ ရှင်သန်ခဲ့ခြင်းဖြစ်မယ်လို့ ယူဆရပါတယ်။
အယ်လ်ဂျီးရီးယားနဲ့ မော်ရိုကို နယ်စပ်ဟာ ၁၉၉၄ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး အခုအချိန်ထိ သံတမန်ဆက်ဆံရေး မရှိသေးပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း