ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၁၄)ပေ Canter ကုန်တင်ကားတစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂ရက်)၊ နေ့လည်ပိုင်းအချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ (၂၂)မိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ကားသည် အဟောင်းပစ္စည်းများတင်ဆောင်လာသည့် (၁၄)ပေ Canter ကားဖြစ်ပြီး မိုးရွာထား၍ လမ်းချော်နေခြင်းကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မှောက်တာက အဟောင်းပစ္စည်းတင်တဲ့ကားပါ။ ယာဉ်မောင်းအမျိုးသားတစ်ယောက်ဆုံးသွားပါတယ်။ ကားပေါ်မှာက အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးပဲပါတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်မှယာဉ်မောင်းအမျိုးသားသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးသည်လည်း စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း သိရသည်။
လက်ရှိတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူအမျိုးသမီးတို့အား ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မိသားစုနှင့်အဆက်အသွယ်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဘွန်နိုင်ငံကို ဒီမိုကရေစီ ပိုမိုရရှိအောင်လုပ်ဆောင်သွားမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ကတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း