ဂါဘွန်နိုင်ငံကို ဒီမိုကရေစီ ပိုမိုရရှိအောင်လုပ်ဆောင်သွားမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ကတိပေး
Pika (NSS) - စက်တင်ဘာ ၂
ဂါဘွန်နိုင်ငံ၏ အင်စတီကျူးရှင်းများအားလုံးကို ဒီမိုကရေစီဝါဒအတိုင်းဖြစ်စေရမည်ဟု အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး Brice Oligui Nguema က စက်တင်ဘာလ(၁)ရက်တွင် ကတိပြုပြောဆိုခဲ့သည်။
ဂါဘွန်သမ္မတအလီဘွန်ဂိုသည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ဂါဘွန်စစ်ခေါင်းဆောင်များသည် မဲရလဒ်များကို ဖျက်သိမ်းကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။ Brice Oligui Nguema က "အာဏာသိမ်းတဲ့အချိန်တုန်းက ချမှတ်ခဲ့တဲ့ အင်စတီကျူးရှင်းတွေကို ဖျက်သိမ်းတာဟာ ယာယီပဲဖြစ်ပါတယ်။ ဒီအင်စတီကျုးရှင်းတွေကို ဒီမိုကရေစီဝါဒအတိုင်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းမယ်"ဟု ပြောဆိုခဲ့သည်။
ဂါဘွန်အာဏာသိမ်းစစ်ခေါင်းဆောင်သည် အရပ်ဘက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့ပြီး နိုင်ငံတွင်း စီးပွားရေးအုပ်စုများ၊ နိုင်ငံခြားအကျိုးစီးပွားများ နှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် ရေနံကြွယ်ဝသော ပြည်နယ်များရှိ စီးပွားရေးခေါင်းဆောင်များကို ငွေများအလွဲသုံးစားလုပ်ခြင်းအား ရှောင်ကြဉ်ရန် သတိပေးခဲ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်မည်ဟု ကတိပေးကြရန် ပြောဆိုခဲ့ကြောင်းသိရသည်။
၎င်းက"ဒီအခြေအနေမှာ ပြည်သူတွေမျှော်လင့်ထားသလို ပိုမိုဖွံ့ဖြိုးတိုးတက်အောာင် လုပ် ဆောင်ဖို့လိုအပ်ပါတယ်။ ပိုလျှံနေတဲ့ငွေတွေကို နိုင်ငံတော်ဆီကိုပဲ ရောက်လာစေဖို့ ကတိပြုပါတယ်။ ဒီလိုမျိုး အလွဲသုံးစားလုပ်နေကြတဲ့အခြေအနေတွေကို ကျွန်တော်ဆက်ပြီးသည်းမခံနိုင်ပါဘူး"ဟုပြောဆိုခဲ့သည်။
အာဏာသိမ်းခံရသော ဂါဘွန်သမ္မတအလီဘွန်ဂို၏ မိသားစုသည် (၁၉၆၇)ခုနှစ်မှ လက်ရှိအချိန်အထိ အာဏာရယူခဲ့ကြောင်းသိရသည်။ အလီဘွန်ဂိုသည် ၂၀၀၉ခု နှစ်တွင်သေဆုံးခဲ့သော သမ္မတအိုမာဘွန်ဂို၏သားဖြစ်ပြီး ဖခင်ဖြစ်သူသေဆုံးပြီးနောက် ၎င်းသည် ဂါဘွန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတအဖြစ် သုံးကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လကမ္ဘာသို့အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီးနောက် နေရောင်ခြည်စူးစမ်းလေ့လာရေး အာကာသယာဉ်တစ်စင်းကို အိန္ဒိယအစိုးရ ထပ်မံလွှတ်တင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း