တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းကို ပြုစုနိုင်မည်ဟု နစကအသိပေး
မျိုးကြီး (NSS) - စက်တင်ဘာ ၂
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့(စက်တင်ဘာလ ၁ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားမည်ဟု နစကမှ အသိပေးထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှု ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်းစာရင်းကောက်ယူပြီးမှသာ လူဦးရေစာရင်းထွက်လာမည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းနှင့်ပြည်နယ်အလိုက် မဲစာရင်းကောက်ယူမှု မပြုနိုင်သေးသော မြို့နယ်အချို့ရှိပြီး မဲစာရင်းကောက်ယူသူများကို အနှောင့်အယှက်ပေးနေမှုများကြောင့် မကောက်ယူနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသော်လည်း စည်းစနစ်ကျနမှုရှိသည့်ရွေးကောက်ပွဲကိုသာ ကျင်းပနိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဟု တပ်ချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် နိုင်ငံတော်ဘတ်ဂျက်ကိုအသုံးပြုကာ ကောက်ယူသွားမည်ဟု နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြီးခဲ့သောရက်ပိုင်းအတွင်း ပြောကြားခဲ့ဖူးသည်။
ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက် တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြို တင်ပြင်ဆင်ထားနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကို ယခု ၂၀၂၃ ခုနှစ် အောက်တို ဘာလတွင် မြို့နယ်ပေါင်း(၂၀)ရှိ စာရင်းကောက်ကွက် (၁၀၀) တွင် ပဏာမဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-နေပြည်တော်အမြန်လမ်းမတွင် ကားတစ်စီးအရှိန်လွန်၍ သစ်ပင်အားဝင်တိုက်ခဲ့ရာ ယာဉ်မောင်းသေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ