ရန်ကုန်-နေပြည်တော်အမြန်လမ်းမတွင် ကားတစ်စီးအရှိန်လွန်၍ သစ်ပင်အားဝင်တိုက်ခဲ့ရာ ယာဉ်မောင်းသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၂
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် TOYATA CROWN ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၂ရက်)၊ နံနက် ၈နာရီခွဲအချိန်တွင် ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၃/၄)နှင့်(၁၁၃/၅)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ TOYOTA CROWN ကားသည် အဆိုပါလမ်းရှိ လမ်းကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့် ထန်းပင်တို့အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ယာဉ်ပေါ်မှာကတော့ ယောက်ျားလေးတွေချည်းပဲ(၃)ယောက်ပါတယ်။ သေဆုံးတဲ့လူရဲ့အသက်ကတော့မသိရဘူး။ ကျန်တဲ့မစိုးရိမ်ရ ဒဏ်ရာရရှိတဲ့ အမျိုးသား(၂)ယောက်ကတော့ (၁၈)နှစ်နဲ့(၂၀)နျစ်ဝန်းကျင်လေးတွေပါ” ဟု ၁၁၅ မိုင် ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၃)ဦးအနက် ယာဉ်မောင်းအမျိုးသားသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၂)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်၏ မတည်ရန်ပုံငွေများအနက်မှ ကျပ်ဘီလျံ(၁၅၀)ကို MSME လုပ်ငန်းရှင်များအား ထုတ်ချေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း