ရန်ကုန်၌ စားအုန်းဆီဈေးကျဆင်းလာခြင်းမရှိဘဲ လက်လီပြင်ပဈေး တစ်ပိဿာ ကိုးထောင်ကျပ်ဝန်းကျင်ရှိနေ
NSS - စက်တင်ဘာ ၂
စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးအဖွဲ့က နေ့စဉ် လက်လီဈေးကွက်အတွင်း စားအုန်းဆီ များ ခွဲတမ်းအလိုက်ရောင်းချပေးနေသော်လည်း သိသိသာသာကျဆင်းခြင်းမရှိကြောင်းဈေးကွက်အတွင်းမှ သိရပါတယ်။
စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများက ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များကို နေ့စဉ်ခွဲတမ်းအလိုက် ဆီတစ်ပိသာလျှင် ၄၄၀၀ ကျပ်ဖြင့် ဩဂုတ်လ ၂၆ ရက်မှစတင်ကာရောင်းချနေခြင်းဖြစ်သည်။
စားအုန်းဆီရောင်းချမှု တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သော်လည်း ဈေးနှုန်းသိသိသာသာကျဆင်းခြင်းမရှိဘဲ လက်လီဈေးကွက်အတွင်း၌ တစ်ဆယ်သားလျှင် ၁၁၀၀ ကျပ် ၊တစ်ပိဿာလျှင် ကိုးထောင်ကျပ် ပေါက်ဈေးဖြင့် မြင့်တက်နေဆဲဖြစ်သည်။
ခွဲတမ်းရရှိသော စားအုန်းဆီဆိုင်များသည် တစ်ရက်စာသာရောင်းချပေးနိုင်ပြီး ကျန်ရက်များတွင် ဆီရောင်းချပေးနိုင်ခြင်းမရှိကြောင်းသိရသည်။
“လာဝယ်တဲ့ပြည်သူတွေကတန်းစီပြီးဝယ်နေတာ လက်ကျန်ထားလို့မရဘူးလေ။ နောက်ပြီးတော့ ဈေးတင်ရောင်းရင်ဖမ်းမယ်ဆိုတော့ ဆိုင်တိုင်းလဲဆီမရောင်းရဲတော့ဘူး။ လိုသ လောက်ရောင်းပေးတာ မဟုတ်ဘဲ ခွဲတမ်းနဲ့ရောင်းနေသရွေ့တော့ ဆီဈေးကကျမှာမဟုတ်ဘူး” ဟု တောင်ဒဂုံမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ဆီအသင်းသည် လက်ကျန်ဆီပိဿာ (၃ ဒသမ ၇)သန်းကို ဈေးကွက်အတွင်းရောင်းချပေးနေခြင်းဖြစ်သော်လည်း ဈေးကွက်လိုအပ်ချက် မြင့်တက်နေခြင်းကြောင့် စားအုန်းဆီဈေးများ ကျဆင်းခြင်းမရှိကြောင်းသိရသည်။
နေ့စဉ်စားအုန်းဆီလိုအပ်ချက် ပမာဏထက်ပိုမိုရောင်းချပေးမှသာ စားအုန်းဆီဈေး ကျဆင်း လာနိုင်မည်ဖြစ်ပြီး ခွဲတမ်းအလိုက်ရောင်းချပါက လက်လီဈေးသည် ဆက်လက်မြင့်တက်နေမည်ဟု ဝေဖန်မှုများထွက်ပေါ်နေသည်။
“အိမ်မှာအလုပ်ရှိတဲ့သူတွေက ဆီသွားပြီးမတန်းစီနိုင်ဘူးလေ၊ အားတဲ့ရက်မှ ၄၄၀၀ ဆိုင်ကိုသွားဝယ်တော့ ကုန်နေပြီတဲ့၊ ဒီပုံစံအတိုင်းဆိုရင်တော့ ဆီဈေးကကျမှာမဟုတ်ဘူး”ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးကပြောသည်။
သက်ဆိုင်ရာမှ စားအုန်းဆီ ဈေးကျဆင်းရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်စားသုံးဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းကာ စားအုန်းဆီများ ဈေးကွက်အတွင်းဖြန့်ချီနေသော်လည်း သိသိသာသာဈေးနှုန်းကျဆင်းခြင်းမရှိကြောင်းဈေးကွက်အတွင်းမှစုံစမ်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းကို ပြုစုနိုင်မည်ဟု နစကအသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ