မင်္ဂလာဒုံမြို့နယ်၌ အသက်(၈၀)အရွယ် ရောဂါသည်အဖိုးအိုတစ်ဦး စွန်ပစ်ခံခဲ့ရပြီး ကူညီကယ်ဆယ်မှုပြုလုပ်နေစဉ် ကွယ်လွန်ခဲ့
သန့်ဇင်(NSS) - စက်တင်ဘာ ၂
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကားဂိတ်တစ်ခုတွင် စွန့်ပစ်ခံအဖိုးအိုတစ်ဦးအား တွေ့ရှိကယ်ဆယ်နေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့( စက်တင်ဘာလ ၂ရက်)၊ နံနက် ၇နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမကြီး ကားဂိတ်တွင် အဆိုပါအဖိုးအိုအား တွေ့ရှိခဲ့ကြောင်း ပုလဲမြို့နယ်အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“အဖိုးအိုက အိပ်ရာထဲလဲနေတဲ့လူနာပေါ့။ အဲဒါကို ကားနဲ့လာပြီး ဂိတ်မှာချသွားတဲ့သဘောပေါ့နော်။ အဖိုးအိုကလဲ ရောဂါပါလာတယ် ထင်တယ် ခန္ဒာကိုယ်တစ်ခုလုံးမှာလည်း အနာတွေအပြည့်နဲ့ဆိုတော့လေ။ အစ်ကိုတို့ ကူညီကယ်ဆယ်ရေးလုပ်နေချိန်မှာပဲ ကွယ်လွန်သွားပါတယ်”ဟု ပုလဲမြို့နယ်အရံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ စွန့်ပစ်ခံရသည့် အဖိုးအိုသည် အသက်(၈၀)ဝန်းကျင်အရွယ်ဖြစ်ပြီး ရောဂါဝေဒနာခံစားနေရသူဖြစ်ကာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
“အစ်ကိုတို့ မင်္ဂလာဒုံမြို့နယ်မှာက စိတ်ဝေဒနာရှင်တို့။ အဲဒီလိုမျိုးသက်ကြီးရွယ်အိုတို့ဆိုရင် လာလာပစ်ကျတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာက အဲဒီလိုမျိုးသက်ကြီးရွယ်အိုတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကရှိတာကို” ဟု ၎င်းကဆက်လက်ပြောသည်။
ကွယ်လွန်သွားသည့် အဖိုးအိုအား ပုလဲမြို့နယ်အရံမီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံကြီးသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်ထုတ်လုပ်မှုနည်းပညာ အားနည်းခြင်းကြောင့် ပြည်ပပို့ကုန်များ ဈေးကောင်းမရဖြစ်နေဟု နစကအကြီးအကဲဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း