UEFA တစ်နှစ်တာ အကောင်းဆုံးဆုများကို မန်စီးတီးနည်းပြဂွါဒီယိုလာ နဲ့ တိုက်စစ်မှူးဟာလန်းတို့ ရရှိ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁
မန်စီးတီးတိုက်စစ်မှူးဟာလန်းနဲ့ နည်းပြဂွါဒီယိုလာတို့ဟာ ၂ဝ၂၃ ခုနှစ်အတွက် UEFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နဲ့နည်းပြတွေကို ရယူသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။
UEFA ဟာ သြဂုတ် ၃၁ ရက်က ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းများနဲ့ အုပ်စုများကိုမဲနှိုက် ဆုံးဖြတ်ခဲ့ပြီး နောက် အကောင်းဆုံး ဆုရရှိသူများကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာနောက်ဆုံး ဆန်ကာတင် သုံးဦး ထဲမှာ ပါဝင်နေတဲ့ အသင်းဖော်ဒီဘရိုင်းနဲ့ ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီတို့ကို ကျော်ဖြတ်ပြီး UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ဟာလန်းဟာ ပြီးခဲတဲ့ရာသီမှာ မန်စီးတီအသင်းအတွက် ပွဲဦးထွက် စတင် ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၅၃ ပွဲမှာ ၅၂ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ချန်ပီယံဆု အပါအဝင် အဓိက ဆုဖလားတွေ ရယူနိုင်အောင် ခြေစွမ်းပြကစားနိုင်ခဲ့ကြောင်း သိရပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ချန်ပီယံဆု၊ အက်ဖ်ဖလားချန်ပီယံဆု နဲ့ ပရီးမိးယားလိဂ်ဖလား ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက် အခုလိုမျိုး ဥရောပရဲ့ဂုဏ်သိက္ခာ အရှိဆုံးဆုတစ်ဆုဖြစ်တဲ့ UEFA တစ်နှစ်တာ အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဘာစီလိုနာအမျိုးသမီး ကွင်းလယ်လူ Aitana Bonmati ဟာ ၂ဝ၂၃ ခုနှစ်အတွက် UEFA တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီး ကစားသမားအဖြစ် ရွေးချယ်ခံရကြောင်း သိရပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကို ဥရောပချန်ပီယံလိဂ်ချန်ပီယံဆု နဲ့ ပြည်တွင်းအမျိုးသမီး ချန်ပီယံဆုတွေရယူနိုင်အောင် ခြေစွမ်းပြနိုင်ခဲ့လို့ ဆုချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို အုပ်စုဖွဲ့ဓားပြတိုက်ခဲ့သူ(၉)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ လှိုင်သာယာ၌ ဖမ်းဆီးရမိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း