ရန်ကုန်မြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းကို အုပ်စုဖွဲ့ဓားပြတိုက်ခဲ့သူ(၉)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ လှိုင်သာယာ၌ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - စက်တင်ဘာ ၁
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သုခရှင်ဆန်ဆိုင်အား ဓားများဖြင့်ခြိမ်းခြောက်ကာ ငွေများဓားပြတိုက်ခဲ့သည့် ကျူးလွန်သူအုပ်စုကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်အဖွဲ့က ဩဂုတ်လ ၃ဝ ရက်တွင် လှိုင်သာယာမြို့နယ်တွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ထံမှ သိရသည်။
ထိုသို့ ဓားပြတိုက်မှုကျူးလွန်သူများကို ငွေသားများနှင့်အတူ သက်သေခံဖြစ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ပြစ်မှုကျုးလွန်သူအမျိုးသား(၉)ဦးမှာ ပြည့်ဖြိုးအောင်(ခ)သာဓု၊ အောင်စည်သူဖြိုး (ခ)လှစည်သူ၊ ကျော်စွာလင်း၊ လင်းလင်းနိုင် (ခ)ကိုလင်း၊ မောင်မောင်ထွေး၊ အောင်ကျော်ကျော် (ခ)အောင်ကျော်၊ နိုင်ထက်လင်း (ခ)အဖိုးကြီး၊ ရှိုင်းထက်လင်း (ခ)သံချောင်း နှင့် ပူးပေါင်းပါဝင်သူ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် Probox ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း ဖမ်းဆီးရမိသည့်အုပ်စုမှာ ပြီးခဲ့သော ဩဂုတ်လ ၂၈ ရက် နေ့လည်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ဇေယျာမွန်အိမ်ရာ တိုက်(၁) အခန်း(၁ဝ၅)တွင် ဖွင့်လှစ်ထားသည့် သုခရှင်ဆန်ရောင်းဝယ်ရေးရုံးခန်းအား ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဓားပြတိုက်ရာတွင်လည်း ပြစ်မှုကျူးလွန်သူ အမျိုးသား(၉)ဦးအနက် (၆)ဦးမှာ အရှည်တစ်ပေရှိသော ဓားများကိုင်ဆောင်၍ ရုံးခန်းအတွင်းရှိ ဝန်ထမ်းများကိုခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း(၂ဝဝ)နီးပါးနှင့်အတူ ရုံးဝန်ထမ်းတစ်ဦ၏ လက်ကိုင်ဖုန်းတစ်လုံးကိုပါ လုယက်ယူဆောင်သွာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဘွန်မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရမယ့်အစား ပြည်သူတို့ လမ်းမပေါ်ထွက် အောင်ပွဲခံခဲ့ကြ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း