Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆန္ဒပြခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၇ဝ ကျော်ကို ထိုင်းအာဏာပိုင်များ မြန်မာနိုင်ငံထံ ပြန်ပို့

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃ 

ထိုင်း အမှတ်၃ရေတပ်ဖွဲ့မှ ဒုတိယတပ်မှူး ဗိုလ်ချုပ် Suchart Thampakavej ဆူချက်တန်ပါကာဗီ၊ လူဝင်ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ အပါအဝင် ထိုင်းအာဏာပိုင်များသည် ရနောင်းမြို့ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၇ဝ ကျော်ကို မိခင်နိုင်ငံသို့ပြန်ပို့ပေးခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူများက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။ 

ထိုင်းအစိုးရတာဝန်ရှိသူများသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ပြီးမြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ကော့သောင်းမြို့မှတဆင့် ၎င်းတို့နေရပ်များကို ထပ်မံပြန်မည်ဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံရနောင်းမြို့ရှိ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရပြီးနောက် စွဲချက်တင်ခံရကာ လွတ်ရက်စေ့ပြီဖြစ်သော်လည်း ထိန်းသိမ်းရေးစခန်းတွင် ၄ လမှ ၆ လအထိ ဖမ်းဆီးထိန်းသိမ်းမှု ဆက်ခံနေရကြောင်း သိရသည်။ 

ထို့အတွက်ကြောင့် ရနောင်းမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ပြီးခဲ့သော ရက်ပိုင်းတွင်  မိခင်နိုင်ငံသို့ပြန်ပို့ရန် ဆန္ဒပြခဲ့ကြောင်းသိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြခဲ့ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူများ နှင့် မြန်မာအစိုးရတာဝန်ရှိသူများသည်ရွှေ့ပြောင်းအလုပ်သမားများ ပြန်ပို့ရေးအတွက် ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်း သိရသည်။ 

ထိုင်းအစိုးရတာဝန်ရှိသူများ ပြန်ပို့ခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၇ဝ တွင် အမျိုးသား ၅၃၄ ဦး နှင့် အမျိုးသမီး ၁၃၆ ဦးတို့ပါဝင်ကြောင်း ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်က ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအားလုံးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရကာ စွဲချက်တင်ခံရပြီးနောက် မိခင်နိုင်ငံသို့ပြန်ရန် စောင့်ဆိုင်းနေသူများဖြစ်ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယအကြီးအကဲ က ပြောသည်။

အဆိုပါ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူများအနက်မှ ကျန်ရှိနေသူများကို လာမည့်သီတင်းပတ်တွင် အပြီးသတ်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။


Zawgyi Version; 











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်တိုက်ခိုက်ရေးသမား ဖန်ယောင်နဲ့ အောင်လအန်ဆန်းတို့ ယှဉ်ပြိုင်တိုက်ခိုက်မယ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved