တရုတ်တိုက်ခိုက်ရေးသမား ဖန်ယောင်နဲ့ အောင်လအန်ဆန်းတို့ ယှဉ်ပြိုင်တိုက်ခိုက်မယ်
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
မြန်မာစပါးအုံးမြွေလို့ တင်စားခံရတဲ့ အောင်လအန်ဆန်ဟာ လာမယ့် မေလ ၅ ရက်နေ့မှာ တရုတ်နိုင်ငံသား ဖန်ယောင် နဲ့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ ONE Championship က သတင်းထုတ်ပြန်လိုက်ပါတယ်။
ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ဘရာဇီးတိုက်ခိုက်ရေးသမား ဂီဘတ်တို ဂယ်ဗာအိုနဲ့ မထိုးသတ်ခင် ဖန်ယောင်နဲ့ ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် ဖန်ယောင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ခံရတဲ့အတွက် ယှဉ်ပြိုင် နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
မေလ ၅ ရက်နေ့မှာ ကျင်းပမယ့် ONE Fight Night 10: ပွဲစဉ်မှာ ဂျွန်ဆန် နဲ့ မိုရာရက်စ်တို့ တတိယအကြိမ် မြောက်ထိုးသတ်မယ့် မကျေပွဲစဉ်က အဓိကတွဲဆိုင်းအဖြစ် ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အောင်လအန်ဆန် နဲ့ တရုတ်တိုက်ခိုက်ရေးသမားဖန်ယောင်တို့ဟာ မစ်ဒယ်ဝိတ်တန်းပွဲစဉ်အတွက် ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အောင်လအန်ဆန်ဟာ ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဖြစ်ပေမယ့် နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါကို နှစ်ပွဲစလုံး ရှုံးနိမ့်ပြီး ချန်ပီယံခါးပတ်တွေ စွန့်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိ အောင်လအန်ဆန်ဟာ ONE Championship ရဲ့ နောက်ဆုံးလေးပွဲမှာ သုံးပွဲ အနိုင်ရထားပြီး၊ အနိုင်ရတဲ့ သုံးပွဲစလုံးမှာ ပြိုင်ဘက်ကို တစ်ချီအတွင်း အလဲထိုးအနိုင်ရခဲ့တယ်လို့ သိရပါတယ်။
အောင်လအန်ဆန်ဟာ နောက်ဆုံး လေးပွဲမှာ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီဗစ်ဒက်ချ် ကို ရှုံးနိမ့်ခဲ့ပေမယ့် ဘရာဇီးတိုက်ခိုက်ရေးသမား လီအန်ဒရိုအော်တိုင်းဒက်စ်၊ ဂယ်ဗာအို နဲ့ ဂျပန်တိုက်ခိုက်ရေးသမား ယူရှင်အိုကာမီ တို့ကို ပထမအချီအတွင်း အလဲထိုးအနိုင်ရခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ ဖန်ယောင်ဟာလည်း နယ်သာလန်တိုက်ခိုက်ရေးသမား ဒီရစ်ဒါနဲ့ ရုရှားတိုက်ခိုက်ရေးသမား ဗစ်တာလီဗစ်ဒက်ချ် တို့နှစ်ဦးကို ရှုံးနိမ့်ထား သူဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version;
တ႐ုတ္တိုက္ခိုက္ေရးသမား ဖန္ေယာင္နဲ႔ ေအာင္လအန္ဆန္းတို႔ ယွဥ္ၿပိဳင္တိုက္ခိုက္မယ္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
ျမန္မာစပါးအုံးေႁမြလို႔ တင္စားခံရတဲ့ ေအာင္လအန္ဆန္ဟာ လာမယ့္ ေမလ ၅ ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံသား ဖန္ေယာင္ နဲ႔ အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္မွာ ယွဥ္ၿပိဳင္ထိုးသတ္သြားမယ္လို႔ ONE Championship က သတင္းထုတ္ျပန္လိုက္ပါတယ္။
ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ဟာ ဘရာဇီးတိုက္ခိုက္ေရးသမား ဂီဘတ္တို ဂယ္ဗာအိုနဲ႔ မထိုးသတ္ခင္ ဖန္ေယာင္နဲ႔ ထိုးသတ္ဖို႔ စီစဥ္ခဲ့ေပမယ့္ ဖန္ေယာင္ဟာ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကူးစက္ခံရတဲ့အတြက္ ယွဥ္ၿပိဳင္ ႏိုင္ျခင္း မရွိခဲ့ဘူးလို႔ သိရပါတယ္။
ေမလ ၅ ရက္ေန႔မွာ က်င္းပမယ့္ ONE Fight Night 10: ပြဲစဥ္မွာ ဂြၽန္ဆန္ နဲ႔ မိုရာရက္စ္တို႔ တတိယအႀကိမ္ ေျမာက္ထိုးသတ္မယ့္ မေက်ပြဲစဥ္က အဓိကတြဲဆိုင္းအျဖစ္ ပါဝင္မွာျဖစ္တယ္လို႔ သိရပါတယ္။ ေအာင္လအန္ဆန္ နဲ႔ တ႐ုတ္တိုက္ခိုက္ေရးသမားဖန္ေယာင္တို႔ဟာ မစ္ဒယ္ဝိတ္တန္းပြဲစဥ္အတြက္ ယွဥ္ၿပိဳင္ရမွာျဖစ္တယ္လို႔ သိရပါတယ္။
ေအာင္လအန္ဆန္ဟာ ONE Championship ရဲ႕ မစ္ဒယ္ဝိတ္တန္းနဲ႔ လိုက္ဟဲဗီးဝိတ္တန္း ခ်န္ပီယံေဟာင္း ျဖစ္ေပမယ့္ နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါကို ႏွစ္ပြဲစလုံး ရႈံးနိမ့္ၿပီး ခ်န္ပီယံခါးပတ္ေတြ စြန႔္လႊတ္ခဲ့ရသူ ျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ေအာင္လအန္ဆန္ဟာ ONE Championship ရဲ႕ ေနာက္ဆုံးေလးပြဲမွာ သုံးပြဲ အႏိုင္ရထားၿပီး၊ အႏိုင္ရတဲ့ သုံးပြဲစလုံးမွာ ၿပိဳင္ဘက္ကို တစ္ခ်ီအတြင္း အလဲထိုးအႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။
ေအာင္လအန္ဆန္ဟာ ေနာက္ဆုံး ေလးပြဲမွာ ႐ုရွားတိုက္ခိုက္ေရးသမား ဗစ္တာလီဗစ္ဒက္ခ်္ ကို ရႈံးနိမ့္ခဲ့ေပမယ့္ ဘရာဇီးတိုက္ခိုက္ေရးသမား လီအန္ဒ႐ိုေအာ္တိုင္းဒက္စ္၊ ဂယ္ဗာအို နဲ႔ ဂ်ပန္တိုက္ခိုက္ေရးသမား ယူရွင္အိုကာမီ တို႔ကို ပထမအခ်ီအတြင္း အလဲထိုးအႏိုင္ရခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ဖန္ေယာင္ဟာလည္း နယ္သာလန္တိုက္ခိုက္ေရးသမား ဒီရစ္ဒါနဲ႔ ႐ုရွားတိုက္ခိုက္ေရးသမား ဗစ္တာလီဗစ္ဒက္ခ်္ တို႔ႏွစ္ဦးကို ရႈံးနိမ့္ထား သူျဖစ္တယ္လို႔ သိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့်နိုင်ငံရေးပါတီအဖြစ် ပြည်ခိုင်ဖြိုးပါတီ မှတ်ပုံတင်ပြန်လည်လျှောက်ထား
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း