INGO၊ NGO များမှတစ်ဆင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေ၍ ကြပ်မတ်ထိန်း သိမ်းရန် တပ်ချုပ်ပြော
မျိုးကြီး (NSS) - သြဂုတ် ၃၁
INGO၊ NGO များမှတစ်ဆင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေသည့်အတွက် ကြပ်မတ်ထိန်းသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(သြဂုတ်လ ၃၀ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် စနစ်တကျကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
အချို့သော ပြည်ပအကူအညီများသည် INGO၊ NGO များမှတစ်ဆင့်မျှဝေ ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် နိုင်ငံနှင့်လူမျိုး၏ အမျိုးသားရေးစရိုက်လက္ခဏာများ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ ရေးသားထုတ်ဝေမှုများ၊ ထုတ်လွှင့်မှုများ မရှိစေရေးအတွက်လည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်စသည့်နယ်ပယ်များအလိုက် ဝန်ကြီးဌာနအနေဖြင့် စနစ်တကျကြပ်မတ်ရန်လည်း ၎င်းက ထပ်မံသတိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်အနေနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်ဦးရေ ၂၀၀၀၀ ကျော်ကို စစ်ရေးလေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ