ဗြိတိန်အနေနဲ့ ယူကရိန်းတပ်ဖွဲ့ဝင်ဦးရေ ၂၀၀၀၀ ကျော်ကို စစ်ရေးလေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
ဗြိတိန်နိုင်ငံဟာ ယူကရိန်းတပ်ဖွဲ့ဝင် ၂၀၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ဗြိတိန်စစ်တပ်နဲ့နီးစပ်သူများက ပြောပါတယ်။
ယူကရိန်း နဲ့ ရုရှားတပ်ဖွဲ့များကြား စစ်ရေးပဋိပက္ခများဖြစ်လာခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးတဲ့အပြင် ယူကရိန်းတပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရပါတယ်။ ဗြိတိန်အစိုးရဟာ ယူကရိန်းတပ်ဖွဲ့တွေကို စစ်ရေးလေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးမှုအပြင် စစ်လက်နက်ပစ္စည်းများ ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်အစိုးရက ၎င်းတို့အနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီအပြင် ဘဏ္ဍာရေးကူညီထောက်ပံ့ပေးမှုအဖြစ် အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါးကူညီထောက်ပံ့ပေးထားကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုအများဆုံးပြုလုပ်နေတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပြီး ယူကရိန်းကို စစ်ရေးနဲ့ အခြားအကူအညီများအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံရာချီကူညီပေးထားကြောင်းသိရပါတယ်။ ယူကရိန်းဟာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် စွန့်လွှတ်ခဲ့ရတဲ့ ပိုင်နက်နယ်မြေ လေးခုကို ပြန် လည်ရယူနိုင်ဖို့ ရုရှားတပ်ဖွဲ့တွေကို ဇွန်လအစောပိုင်းက တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် မျှော်လင့်သ လောက်ရလဒ်မကောင်းဘဲကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်လာခဲ့ကြောင်းသိရပါတယ်။
ယူကရိန်းဟာ လက်ရှိအချိန်မှာ မော်စကိုမြို့အပါအဝင် ရုရှားပိုင်နက်တွေ နဲ့ခရီုင်းမီးယားဒေသတွေကို ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာနေရာ စစ်ပွဲအရှိန်ပိုမိုမြင့်တက်လာနေကြောင်းသိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းတပ်ဖွဲ့တွေကို အက်ဖ် ၁၆ တိုက်လေယာဉ်များ ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ လေ့ကျင့်သင်ကြားပေးပြီး အက်ဖ် ၁၆ တိုက်လေယာဉ်များ ပေးပို့ကူညီဖို့ စီစဉ်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်ကို အိန္ဒိယနဲ့ မလေးရှားအစိုးရတို့ စိတ်ဆိုးဒေါသဖြစ်နေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း