တရုတ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်ကို အိန္ဒိယနဲ့ မလေးရှားအစိုးရတို့ စိတ်ဆိုးဒေါသဖြစ်နေ
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
အိန္ဒိယအစိုးရ နဲ့ မလေးရှားအစိုးရဟာ တရုတ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံမြေပုံအသစ်နဲ့ပတ်သက်ပြီး စိတ်ဆိုး ဒေါသဖြစ်နေကာ ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်လိုက်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ သဘာဝ အရင်းမြစ်ရေးရာဝန်ကြီးဌာနဟာ သြဂုတ် ၂၈ ရက်က တရုတ်နိုင်ငံရဲ့မြေပုံအသစ်ဖြစ်တဲ့ "China Standard Map Edition 2023" ကိုထုတ်ပြန်ခဲ့ရာ တရုတ်ပိုင်တွေအဖြစ် အငြင်းပွားနေတဲ့နေရာ ဒေသတွေကို ထည့်သွင်းထားကြောင်း သိရပါတယ်။
အဆိုပါမြေပုံအသစ်ထဲမှာ တောင်ရုတ်ပင်လယ်အတွင်းရှိ နယ်မြေအများစုကို တရုတ်နိုင်ငံပိုင်နက်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ မလေးရှား၊ ဖိလစ်ပိုင်၊ဘရူးနိုင်း၊ ဗီယက်နမ်တို့ နဲ့ ပိုင်နက်နယ်မြေအငြင်းပွားနေကြောင်း သိရပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေနဲ့ တရုတ်နိုင်ငံ ရဲ့ပိုင်နက်မြေပုံအသစ်ထဲမှာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ရဲ့ဒေသအများစုကို တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ထားကြောင်း၊ အဲဒီအတွက် ကန့်ကွက်ပြောဆိုခြင်းများ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းရှိ နေရာပိုင်နက်အများစုကို ၎င်းတို့ပိုင်နက် အကြောင်းပြောဆိုနေခြင်းများကို အသိအမှတ်မပြုကြောင်း ပြောပါတယ်။
အိန္ဒိယအစိုးရကတော့ အဆိုပါတရုတ်နိုင်ငံရဲ့ပိုင်နက်တွေထဲမှာ အိန္ဒိယ နဲ့ တရုတ်နိုင်ငံနယ်စပ်ဒေသမှာ အငြင်းပွား နေတဲ့နေရာတွေကိုပိုင်နက်အဖြစ် သတ်မှတ်ဖော်ပြထားခြင်းအပေါ် ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ထိပ်သီးအစည်းအဝေးကျင်းပခါနီးချိန်မှာ တရုတ်နိုင်ငံက နိုင်ငံပိုင်နက်မြေပုံအသစ်ထုတ်ပြန်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ကန့်ကွက်ပြောဆိုသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က "တရုတ်အစိုးရက သတ်မှတ်ဖော်ပြခဲ့တဲ့ မြေပုံအသစ်ကို လက်မခံနိုင်ဘူး ငြင်းဆန်ပယ်ချပါတယ်။ တရုတ်အစိုးရဲ့ဖော်ပြချက်တွေက အခြေအမြစ်မရှိဘူး၊ တရုတ်အစိုးရဲ့လုပ်ရပ်တွေက နယ်စပ်ဒေသပိုင်နက်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကိုအဖြေရဖို့ ခက်ခဲရှုပ်ထွေးစေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ် နှင့် ကွက်ခိုင်မြို့တို့တွင် တပ်မတော်နှင့် TNLA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း