မူဆယ် နှင့် ကွက်ခိုင်မြို့တို့တွင် တပ်မတော်နှင့် TNLA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့
မြူနစ် (NSS) - သြဂုတ် ၃၁
ရှမ်းပြည်နယ်၊ မူဆယ် နှင့် ကွက်ခိုင်မြို့တို့တွင် တပ်မတော် နှင့် TNLA အဖွဲ့ကြား တိုင်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ ယမန်နေ့(သြဂုတ်လ ၃၀ ရက်)၊ နံနက် ၁၀ နာရီခွဲအချိန်တွင် TNLA လက်နက်ကိုင်အဖွဲ့က ကျေးရွာ၏တောင်ဘက် မီတာ(၅၀၀)ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်ဖတ်ကာကျေးရွာအတွင်းရှိ အသက်(၁၆)နှစ်အရွယ် အရပ်သားအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အခြားသော အမျိုးသား (၃)ဦးနှင့် အမျိုးသမီးတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ အသိပေးထားသည်။
တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် နမ့်ဖတ်ကာကျေးရွာနှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းလည်း နစကမှထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် မူဆယ် နှင့် ကွတ်ခိုင်မြို့နယ်တစ်ဝိုက်တွင် သြဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ထုတ်ဖော်ပြောကြားထားသည်။
TNLA တပ်မဟာ(၅)ရှိရာ ကွတ်ခိုင်မြို့နယ်၊ လွယ်နောဖောင်သို့ သြဂုတ်လ ၃၀ ရက်၊ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များက ထပ်မံထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက်အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ဘက်က အသိပေးထားသည်။
ထို့ပြင် TNLA အဖွဲ့အနေဖြင့် ယမန်နေ့ ညနေပိုင်းတွင် မူဆယ်မြို့နယ်အတွင်းရှိ တပ်မတော်၏ မန်မိုင်တပ်စခန်းနှင့်လွယ်ကျလော့တပ်စခန်း(၂)ခုကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်အကြား တိုက်ပွဲပြင်းထန်ခဲ့သည်ဟု အသိပေးထားသည်။
အထက်ပါ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ တပ်မတော်လုံခြုံရေးအဖွဲ့ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ကြောင့် ဒေသခံအမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ဘက်က ပြန်လည် စွပ်စွဲထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်မှာ မှန်ကန်သော်လည်း မည်သည့်လက်နက်ကိုင်အဖွဲ့ကမျှ လက်နက်ကြီးပစ်ခတ်မှုလုပ်ရပ်အပေါ် ဝန်ခံထားခြင်း မရှိပေ။
လက်ရှိတွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် TNLA တအာင်းလက်နက်ကိုင်အဖွဲ့တို့အကြား၌ တိုက်ပွဲပေါင်း (၂၁)ကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားလက်ဝှေ့ချန်ပီယံ နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်က အရှေ့တောင်အာရှသမိုင်းမှာ အကြီးဆုံးပွဲ ဖြစ်လာ မယ်လို့ မြန်မာလက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ ဒေဝ ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ