ကမ္ဘောဒီးယားလက်ဝှေ့ချန်ပီယံ နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်က အရှေ့တောင်အာရှသမိုင်းမှာ အကြီးဆုံးပွဲ ဖြစ်လာ မယ်လို့ မြန်မာလက်ဝှေ့ကျော်တစ်ဦးဖြစ်တဲ့ ဒေဝ ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
ကမ္ဘောဒီးယားနိုင်ငံရဲ့လက်ရှိချန်ပီယံဖြစ်သလို အကြီးကျယ်ဆုံးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပရမ်စမ်နန် နဲ့ ယှဉ်ပြိုင် ထိုးသတ်မယ့်ပွဲစဉ်က အရှေ့တောင်အာရှရဲ့သမိုင်းမှာ အကြီးဆုံးပွဲဖြစ်လာဖွယ်ရှိနေပြီး ရိုးရာလက်ဝှေ့ဘုရင် နှစ်ယောက် တွေ့ဆုံမှုက သမိုင်းတစ်ခုရေးထိုးနိုင်ဖွယ်ရှိနေကြောင်း မြန်မာလက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်သလို ကနေဒါနိုင်ငံသား ဒေဝက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒေဝက ၎င်းအနေနဲ့ ကစားသမားဘဝက အနားမယူခင် နောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနာမည်ကြီး ရိုးရာ လက်ဝှေ့သမား ပရမ်စမ်နန် နဲ့ နိုဝင်ဘာ ၅ ရက်မှာ ယှဉ်ပြိုင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ဖနွမ်းပင် မြို့ယှဉ်ပြိုင်ထိုးသတ်မယ့် ပွဲစဉ်ကိုကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်အသစ် ဟွန်မာနက်ကိုယ်တိုင် တက်ရောက် အားပေးဖွယ်ရှိနေပြီး ကမ္ဘောဒီးယားသမိုင်းမှာ အကြီးမားဆုံးတိုက်ပွဲဖြစ်လာဖွယ်ရှိနေကြောင်း ဒေဝက ပြောပါ တယ်။
ပရမ်စမ်နန်ဟာ 2023 Thai Fight ချန်ပီယံဘွဲ့ကို ဆွတ်ခူးခဲ့ပြီး ဆီးဂိမ်းမှာလည်း မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း ကို အနိုင်ရကာ ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပရမ်စမ်နန်ဟာ ကစားသမားဘဝအတွင်း ပွဲပေါင်း ၁ဝ၅ ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပွဲပေါင်း ၁၄ဝ ပွဲအနိုင်ရထားကာ ၃၂ ပွဲ ဆက်တိုက် အနိုင်ရထားသူဖြစ်ကြောင်း သိရပါတယ်။
ဒေဝက "သူ့ရဲ့အောင်မြင်မှုတွေကို ကျွန်တော်လေးစားပါတယ်။ဒါပေမယ့် ဘယ်သူက အရှေ့တောင်အာရှရဲ့ တကယ့်လက်ဝှေ့ဘုရင်ဖြစ်တယ်ဆိုတာကို ပြရပါမယ်။စိန်ခေါ်မှုအတွက် စိတ်လှုပ်ရှားနေပါတယ်။ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတာက ရှေးခေတ်စစ်သည်တော်တွေလိုမျိုး အလဲထိုးမှ အနိုင်ယူစနစ်ဖြစ်ပြီး အမှတ်ပေးစနစ် နဲ့ အနိုင်အရှုံးကို ဆုံးဖြတ်မှာမဟုတ်ဘူး" လို့ ၎င်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် အဆိုပါပွဲစဉ်ကို ကမ္ဘောဒီးယားရိုးရာကွမ်းခမာကြိုးများနဲ့ ၉ မိနစ် ၁ ချီ (အနားမပါ) စနစ်ဖြင့်ထိုးသတ်သွားကြမှာဖြစ်ကြောင်း ဒေဝက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင် ကိုယ်တိုင် တက်ရောက်ဖွယ်မရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ