စက်တင်ဘာလ(၂)ရက်မှစ၍ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သူများအား ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဟု ထိုင်းရှိ မြန်မာသံရုံးကြေညာ
ယွန်း (NSS) - သြဂုတ် ၃၁
လာမည့် စက်တင်ဘာလ(၂)ရက်မှစ၍ နိုင်ငံကူးလက်မှတ်အတွက် ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယနေ့(သြဂုတ်လ ၃၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
သံရုံးအနေဖြင့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ၂၀၂၄ ခုနှစ် မတ်လ(၃၁)ရက်တွင် သက်တမ်းကုန်သူများကို စာအုပ်အသစ်ပြုလုပ်ပေးရန်အတွက် ဇူလိုင်လ(၂၉)ရက်မှစတင်ကာ စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင် လာရောက်ယူခြင်းကို စီစဥ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ယခုအခါ၌ ရက်ချိန်းတိုကင်ရယူသူအရေအတွက်သည် အလွန်နည်းပါးသွားခြင်းကြောင့် လာမည့် စက်တင်ဘာလ(၂)ရက်မှစ၍ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း သံရုံးမှ အသိပေးထားသည်။
ထို့ကြောင့် PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက်ချိန်းတိုကင်မလိုအပ်ဘဲ ကိုယ်တိုင်လာရောက်ပြုလုပ်နိုင်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆောင်ရွက်မှုအား ၂၀၂၄ ခုနှစ် ဇွန်လ(၃၀)ရက်အထိ သက်တမ်းကုန်သူများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် သံရုံးအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်း (၂)နှစ်နှင့်အထက်ကျန်နေသည့် ထိုင်းရောက်မြန်မာများအား One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်သို့ အမြန်ပြန်လည်ဝင်ရောက်နိုင်သည့် လုပ်ငန်းစဥ်ကို မကြာမီဆောင်ရွက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
INGO၊ NGO များမှတစ်ဆင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေ၍ ကြပ်မတ်ထိန်း သိမ်းရန် တပ်ချုပ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ