Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရက်ပိုင်းအတွင်း စားသုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းရေး ဆောင်ရွက်မည်ဟုဆို

ယွန်း (NSS) - သြဂုတ် ၃၁

ရက်ပိုင်းအတွင်း စားသုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးက အသိပေးပြောကြားထားသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သြဂုတ်လ(၃၀)ရက်တွင် ဝန်ကြီးဌာန ရုံးအမှတ်(၃) အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည့် ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းရေး အစည်းအဝေးတွင် အထက်ပါကဲ့သို့  ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စားအုန်းဆီကို ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းဈေးဖြင့် လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပဈေးထက်သက်သာသည့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားဖြင့် ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း သိရသည်။

သို့သော် စားသုံးဆီဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းများသည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက်များစွာ မြင့်တက်လျက်ရှိကြောင်း ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေးစဥ်းစားရန် စီးပွားကူးသန်းဝန်ကြီးက ပြော သည်။

ထို့ပြင် ညှိနှိုင်းမှုများကို လက်တွေ့ကျကျကြပ်မတ် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားသုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက အသိပေးပြောကြားခဲ့သည်။

"ဆီဈေးက (၁၂၀၀၀)လောက်ဖြစ်နေပြီး (၉၀၀၀)ကနေ တဖြည်းဖြည်း ခုရက်ထဲမှာပဲတက်သွားတာ။ အရင်က ပိုက်ဆံ(၁၀၀၀၀)ရှိရင် အစုံဝယ်လို့ရတယ်။ အခု(၁၀၀၀၀)နဲ့ဆိုရင် ဆီတောင်မနည်းဝယ်နေရတယ်။  ကျန်တာဈေးမကျရင်နေပါ ဆန်နဲ့ဆီဈေးကျသွားရင် နည်းနည်းတော်သေးတာပေါ့"ဟု အိမ်ရှင်မတစ်ဦးက NSS ကိုပြောသည်။ 

လက်လီဈေးကွက်အတွင်း စားသုံးဆီများကို ယခင်အမြင့်ဈေးနှုန်းအတိုင်း ဆက်ရောင်းပါက ဝယ်ယူခြင်းမပြုရန်နှင့် တိုင်ကြားနိုင်ကြောင်းကို စားသုံးသူရေးရာဦးစီးဌာနက သြဂုတ်လ(၂၉)ရက်က ထုတ်ပြန်ထား သည်။

လက်ရှိတွင် ဈေးကွက်၌ ဆန် အပါအဝင် အခြေခံစားသောက်ကုန်များသည် ဈေးနှုန်းအမြင့်ပိုင်းတွင်ဆက်လက်ရှိနေပြီး စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းကြီးမြင့်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။  

စားအုန်းဆီဈေးနှုန်းများ မြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇူလိုင်လ(၁)ရက်တွင် ရန်ကုန်မြို့၌လုပ်ငန်းရှင်များခေါ်ယူပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချရေးကို သတိပေးပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် စားသုံးဆီဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း စီးပွားကူးသန်းဝန်ကြီးက တိုက်တွန်းပြောကြားထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စားသုံးဆီအသင်းဥက္ကဋ္ဌအပါအဝင် ဒေါ်လာသမား (၄၀)ခန့်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူမေးမြန်မှုများပြုလုပ်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved