စားသုံးဆီအသင်းဥက္ကဋ္ဌအပါအဝင် ဒေါ်လာသမား (၄၀)ခန့်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူမေးမြန်မှုများပြုလုပ်
ပုံစာ -ဩဂုတ်လ ၂၈ ရက်က စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနား၌ စားသုံးဆီအသင်းဥက္ကဋ္ဌအား တွေ့ရစဉ်
မြူနစ် (NSS) - သြဂုတ် ၃၁
စားသုံးဆီအသင်းဥက္ကဋ္ဌအပါအဝင် နိုင်ငံခြားငွေဒေါ်လာရောင်းဝယ်သူ (၄၀)ခန့်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်များကို ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းရုံးနှင့် အစိုးရအဖွဲ့ရုံးတို့၌ ခေါ်ယူမေးမြန်းနေခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက NSS ကို ပြောသည်။
“စားသုံးဆီအသင်းဥက္ကဋ္ဌကို စသုံးလုံးက ခေါ်မေးနေတာပါ။ ဒေါ်လာသမားတွေရော၊ ဘာတွေရောဆိုရင် လူအယောက် (၄၀)လောက်ရှိတယ်။ တိုင်းရုံးမှာလည်း ခေါ်မေးတယ်ပေါ့။ နောက်ဒီဘက်အစိုးရအဖွဲ့ ရုံးမှာလည်း မေးတာရှိတယ်”ဟု လုံ ခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်အတူ အခြားသောဆီကုန်သည်အချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူမေးမြန်းနေခြင်းသာဖြစ်ကြောင်း သိရသည်။
“ဖမ်းတာ မဟုတ်ပါဘူး။ ခေါ်မေးတာပါ။ ဖမ်းတယ်ဆီးတယ်ဆိုတာက မျက်နှာပိတ်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ ခေါ်သွားတာ အဲဒါကမှ ဖမ်းတာဆီးတာ။ အခုခေါ်မေးတာကြတော့ သွားခေါ်တယ် ပြီးတော့ ရုံးမှာခေါ်မေးတဲ့ သဘောပါပဲ” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ဆက်လက်ပြောသည်။
ထို့ပြင် နိုင်ငံခြားငွေဒေါ်လာ ရောင်းဝယ်ရေးလုပ်ကိုင်သူ (၄၀)ခန့်ကိုလည်း တိုင်းရုံး၊ အစိုးရအဖွဲ့ရုံးများ၌ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် လူမှုကွန်ယက်စာမျက်နှာများ၌ ဆီကုန်သည်အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းအပါအဝင် ဆီကုန်သည်အချို့ ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေပြီး ၎င်းသတင်းများနှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့က တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
ပြည်တွင်းဈေးကွက်၌ စားသုံးဆီဈေးနှုန်းကျဆင်းရန်အတွက် နစကအစိုးရအဖွဲ့ တာဝန်ရှိသူများက ကြိုးပမ်းလုပ်ဆောင်နေသည်ကို တွေ့ရှိရသော်လည်း စားသုံးဆီဈေးနှုန်းသည် လက်တွေ့မြေပြင်၌ သိသိသာသာကျဆင်းသွားခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကတိကိုအကောင်ထည်ဖော်နိုင်ဖို့အတွက် ဖြူထိုင်းပါတီခေါင်းဆောင်တစ်ဦး ပါတီကနေ ရုတ်တရက်နုတ်ထွက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ