ယူကရိန်းတပ်ဖွဲ့များအနေဖြင့် ခဲယမ်းမီးကျောက်များကို ဖြုန်းတီးနေဟု အမေရိကန်စစ်ဌာနချုပ်ယုံကြည်နေ
Pika (NSS) - သြဂုတ် ၃ဝ
ယူကရိန်းတပ်မှူးများသည် လက်နက်ခဲယမ်းမီးကျောက်များအာား ဖြုန်းတီးခြင်းကိုရှောင်ရှားရန်လိုအပ်ပြီး အရေးကြီးသောပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်ရန်အတွက် ၎င်းတို့၏ အမြောက်ပစ်ခတ်မှုနည်းဗျူဟာများကို ပြောင်းလဲသင့်သည်ဟု အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ယုံကြည်နေကြောင်း Washington Post ဆောင်းပါးရှင် David Ignatius က ပြောကြားခဲ့သည်။
အမေရိကန် နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများ ရလဒ်သိသိသာသာ ပြောင်းလဲခြင်းမရှိသောကြောင့် စိတ်ပျက်နေကြပြီး တန်ပြန်ထိုးစစ်ဆင်မှုအတွင်းရရှိခဲ့သော သင်ခန်းစာများကို ပြန်လည်သုံးသပ်နေကြကြောင်း David Ignatius က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှား-ယူကရိန်းပဋိပက္ခသည် လူအများ မျှော်လင့်ထားသည့်အတိုင်း ယခုနှစ်အတွင်း ဖြေရှင်းနိုင်မည် မဟုတ်ဟု အမေရိကန်ယုံကြည်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခသည် ၂ဝ၂၄ ခုနှစ်အထိ ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိပြီး အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောာက်ပံ့ပေးရလိမ့်မည်ဟု အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ယုံကြည်နေ ကြောင်း သိရသည်။
အမေရိကန်သည် ယူကရိန်းတပ်မှူးများအား အရေးကြီးသောပစ်မှတ်များကို ဦးစားပေးတိုက်ခိုက်ရန်နှင့် ရှေ့တန်း စစ်မြေမျက်နှာပြင်တစ်လျှောက်တွင် ထိုးစစ်ဆင်မှုများကို ပိုမိုလုပ်ဆောင်ရန်အတွက် အာရုံစိုက်ထားကြရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ယူကရိန်းသည် ဆိုဗီယက်ခေတ်နည်းဗျူဟာများကို အတုယူကာ အမြောက်ပစ်ခတ်သည့်နည်းဗျူဟာများကို အသုံးပြုနေမည်ဆိုလျှင် ကျည်များ ဖြုန်းတီးရာ ရောက်မည်ကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က စိုးရိမ်နေကြောင်းလည်း သိရသည်။ ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတည်းက ယူကရိန်းသည် ၁၅၅ မီလီမီတာ အမြောက်ကျည်(၂)သန်းခန့်ကို အသုံးပြုခဲ့ပြီး အနောက်အုပ်စု နိုင်ငံများ၏ ခဲယမ်းမီးကျောက်သိုလှောင်မှုများမှာ ကုန်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း David Ignatius က မှတ်ချက်ပြုပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်၏ Facebook အကောင့်ဆိုင်းငံထားရန်တောင်းဆိုချက်ကို Meta Platforms ငြင်းဆန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ