ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်၏ Facebook အကောင့်ဆိုင်းငံထားရန်တောင်းဆိုချက်ကို Meta Platforms ငြင်းဆန်
ဂျန်ဇက် (NSS) - သြဂုတ် ၃ဝ
ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ၏ မိခင်ကုမ္ပဏီဖြစ်သော Meta Platforms သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ Facebook အကောင့်ဆိုင်းငံထားရန် အဆိုပြုချက်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။
Meta Platforms သည် ဟွန်ဆန်၏အကောင့်ကို အပြစ်ပေးအရေးယူခြင်းမျိုးမလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏အကောင့်ကို ဆိုင်းငံ့ထားရန် Facebook ၏ Board of Supervisors အဖွဲ့က တောင်းဆိုခဲ့သော်လည်း Meta Platforms က ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီးယားအစိုးရအနေဖြင့် Facebook ကိုယ်စားလှယ်များကို နိုင်ငံအတွင်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ခွင့်ပြုသွားဖွယ်ရှိနေကြောင်း၊ ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
Facebook ၏ Board of Supervisors အဖွဲ့က ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်သည် ပြိုင်ဘက်များကို ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲပြီး ဇွန်လတွင်ဟွန်ဆန်၏ အကောင့်ကို ဆိုင်းငံ့ထားရန် Meta Platforms ထံ တင်ပြခဲ့ကြောင်း သိရသည်။
ဟွန်ဆန်၏ အကောင့်ပိတ်ပင်ခံရခြင်းကြောင့် ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံအတွင်းရှိ Facebook တာဝန်ရှိသူများကို နှင်ထုတ်ခဲ့ပြီး Facebook ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ရပ်တန့်ခဲ့ ကြောင်း သိရသည်။ ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနသည် ဟွန်ဆန်၏ အကောင့်ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်ပြီး Meta Platforms ထံ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဟွန်ဆန်၏ ဆိုင်းငံ့ရန်တောင်းဆိုမှုများကို ပယ်ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားဆက်သွယ်ရေးဝန်ကြီးဌာနက Meta Platforms ၏ဆုံးဖြတ်ချက်ကို ကြိုဆိုလက်ခံကြောင်း၊ ကမ္ဘောဒီးယားအစိုးရအနေဖြင့် Meta Platforms Inc. ကို လက်ခံကြိုဆိုမည်ဖြစ်ပြီး ကိုယ်စားလှယ်များကို နိုင်ငံ အတွင်းလုပ်ငန်းများ ဆက်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် အဖွဲ့ဝင် ၂၂ ဦး ပါဝင်သော Facebook ၏ Board of Supervisors အဖွဲ့အနေဖြင့် နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းမျိုး၊ နိုင်ငံရေးနှင့်ဆက်နွယ်သော ဆိုးရွားသောအကြံပြုချက်များ လုပ်ဆောင်မည်ဆိုလျှင် လက်ခံမည်မဟုတ်ကြောင်း သတိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ကျောင်းသား(၇)ဦးကို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခဲ့ဟု ပညာရေးဝန်ကြီးဌာနဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း