မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ကျောင်းသား(၇)ဦးကို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခဲ့ဟု ပညာရေးဝန်ကြီးဌာနဆို
NSS - သြဂုတ် ၃၀
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ ကျောင်းသား(၇)ဦးကို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက မီဒီယာများကို အသိပေးဖြေကြားထားသည်။
ပညာရေးဝန်ကြီးဌာနက ယနေ့(သြဂုတ်လ ၃၀ ရက်)တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သော ကျောင်းသား(၇)ဦး၏အခြေအနေအား မီဒီယာများကို အထက်ပါကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။
အဆိုပါကျောင်းသား (၇)ဦးသည် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက (၁၀)မှ ကျောင်းသားများဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ သတင်းထွက်ပေါ်ခဲ့သည့် ကျောင်းသား(၉)ဦးအနက် ကျောင်းသား(၂)ဦးသည် ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
ထို့ကြောင့် ကျန်ရှိသည့် ကျောင်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော ကျောင်းသား(၇)ဦးအား ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခဲ့သည်ဟု ပညာရေးဝန်ကြီးဌာနက ပြောကြားထားသည်။
“ကျွန်တော်တို့ အဲဒီသတင်းရလို့ သွားရောက်စစ်ဆေးဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့အဖွဲ့တွေက ကျောင်းက ဆရာ၊ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေပါတယ်” ဟု ရန်ကုန်မြို့ရှိ မူးယစ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက NSS ကိုပြောသည်။
ကျောင်းသားမိဘ၊ ဆရာ/ဆရာမများအနေဖြင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားလူငယ်များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိပါက သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များထံ အသိပေးအကြောင်းကြားရန်လည်း အထက်ပါရဲအရာရှိက အကြံပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၃ဝ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း