ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူးအိုင်ဗန်တိုနေးကို ခေါ်ယူနိုင်ရန်အတွက် ပေါင်သန်း(၈ဝ)ပေးချေဖို့ ချဲလ်ဆီးအသင်း ပြင်ဆင်နေ
Pika (NSS) - သြဂုတ် ၃ဝ
ချဲလ်ဆီးအသင်းသည် ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးကို ခေါ်ယူရန် စိတ်အားထက်သန်နေပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ခေါ်ယူနိုင်ရန်အတွက် ပေါင်သန်း(၈W)အထိ ပေးချေရန် ပြင်ဆင်နေကြောင်း သိရသည်။
အိုင်ဗန်တိုနေးသည် FA စည်းကမ်း (၂၃၂)ခုကို ချိုးဖောက်ခဲ့ကြောင်း ပြီးခဲ့သည့်မေလက ဝန်ခံခဲ့ပြီး (၈)လကြာ ကစားခွင့် ပိတ်ခံခဲ့ရသော်လည်း ချဲလ်ဆီးအသင်း နှင့် မန်ယူအသင်းတို့အပါအဝင် အခြားအသင်းအများအပြားသည် အိုင်ဗန်တိုနေးကို ခေါ်ယူရန် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရသည်။
ချဲလ်ဆီးနည်းပြပိုချက်တီနိုသည် ဂျာစီနံပါတ်(၉)အတွက် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင်အချိန်အတွင်း အိုင်ဗန်တိုနေးကို အပြီးသတ်ခေါ်ယူလိုနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။ ဘရန့်ဖို့ဒ်အသင်းသည် အိုင်ဗန်တိုနေးအပြောင်းအရွှေ့အတွက် ပေါင်သန်း(၈ဝ) တောင်းဆိုနိုင်ဖွယ်ရှိနေကြောင်း Independent က ဖော်ပြခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းသည် အသင်း၏ ကြယ်ပွင့်ကစားသမားများကို သင့်လျော်သောဈေးနှုန်းရမှသာ ရောင်းချသွားမည် ဖြစ်ကြောင်း ဘရန့်ဖို့ဒ်အသင်းနည်းပြသောမတ်စ်ဖရန့်ခ်က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် အိုင်ဗန်တိုနေးအတွက် ထိုက်တန်သော ဈေးနှုန်းရရှိမှသာ ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြစ်ကြီးနားမြို့ရှိ ခြံဝန်းတစ်ခုအတွင်း၌ ဦးခေါင်းအား ရိုက်နှက်ခံရသည့်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း