မြစ်ကြီးနားမြို့ရှိ ခြံဝန်းတစ်ခုအတွင်း၌ ဦးခေါင်းအား ရိုက်နှက်ခံရသည့်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိ
စော(NSS) - ဩဂုတ် ၃၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခြံဝန်းတစ်ခုအတွင်း၌ ဦးခေါင်းအား ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၃၀ ရက်)၊ နံနက် (၇)နာရီခွဲအချိန်တွင် မြစ်ကြီးနားမြို့၊ ထီဝန်းရပ်ကွက်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းထံမှသိရသည်။
“ဘာကြောင့် အရိုက်ခံရလည်းတော့ မပြောတတ်ဘူး။ အဲဒီနားကလူတွေက အကြောင်းကြားခဲ့တာပါ။ အဲဒီနေရာကခြံဝင်း အလွတ်ပေါ့နော်။ ပတ်လက်လဲနေတာ နောက်စေ့မှာ အရိုက်ခံထားရတဲ့ ဒဏ်ရာ ရထားတာပေါ့။ ဒဏ်ရာကနည်းနည်းကြီးတယ်။ သွေးထွက်လည်းနည်းနည်းများတယ်”ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၃၅)နှစ်အရွယ်ဝန်းကျင်ရှိပြီး ၎င်းနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်မျှမသိရှိရသေးကြောင်း သိရသည်။
အဆိုပါ အမျိုးသားအား လက်ရှိတွင် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းတပ်ဖွဲ့များအနေဖြင့် ခဲယမ်းမီးကျောက်များကို ဖြုန်းတီးနေဟု အမေရိကန်စစ်ဌာနချုပ်ယုံကြည်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း