အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၏ ခြိမ်းခြောက်မှုများရှိနေသရွေ့ အမေရိကန်တပ်ဖွဲ့များကို ဆက်လက်ထားရှိဦးမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်ပြော
Pika (NSS) - သြဂုတ် ၃ဝ
အရှေ့အလယ်ပိုင်းဒေသတွင် ကုန်တင်သင်္ဘောများအပေါ် အီရန်၏ ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် မကြာသေးမီက ဖြန့်ကျက်ချထားခဲ့သော အမေရိကန်တပ်ဖွဲ့ထောင်ပေါင်များစွာကို ဒေသအတွင်းတွင် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြောကြားခဲ့သည်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်၏ ပြန်ကြားရေးအတွင်းရေးမှူး ဆာဘရီနာဆင်းဂျ်က "အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့တွေကို လိုအပ်နေသရွေ့ သူတို့က ဆက်ရှိနေဦးမှာပါ" ဟု ပြောခဲ့သည်။
အီရန် နှင့် ရုရှားတို့၏ ပြီးခဲ့သည့်လများအတွင်း ခြိမ်းခြောက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်သည် အရှေ့အလယ်ပိုင်းဒေသတွင် တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများကို ယခုလအစောပိုင်းက ဖြန့်ကျက် ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ကြည်းတပ်၊ ရေတပ် နှင့် မရိန်းတပ်ဖွဲ့များကို အရှေ့ အလယ်ပိုင်းဒေသတွင် ဖြန့်ကျက်ချထားရန် ပြီးခဲ့သည့်လတွင် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် လွိုက်အော်စတင်သည် F-35 အမျိုးအစား တိုက်လေယာဉ်၊ F-16 တိုက်လေယာဉ် နှင့် ပဲ့ထိန်းဒုံး ကျည်ဖျက်သင်္ဘော USS Thomas Hudner (DDG-116) တို့ကိုလည်း ဖြန့်ကျက်ချထားရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။
ဆာဘရီနာဆင်းဂျ်က "ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့တွေ ဟာ ကုန်တင်သင်္ဘောတွေအပေါ် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒီလိုခြိမ်းခြောက် မှုတွေနည်းပါးလာတာမျိုးမရှိတဲ့အပြင် ပိုမိုမြင့်တက်လာတာကိုပဲ ကျွန်မတို့တွေ့ခဲ့ရတာပါ။ ဒါကြောင့် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုတ်သိမ်းရမယ့် အကြောင်းပြချက်မရှိပါဘူး" ဟု ပြောခဲ့သည်။
ဆီးရီးယား (သို့မဟုတ်) အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များအပေါ် အီရန်၏ ခြိမ်းခြောက်မှုများ နည်းပါးသွားခြင်း ရှိ/မရှိ ဆိုသည့်အချက် နှင့် Hormuz ရေလက်ကြားတွင် ကုန်တင်သင်္ဘောများအပေါ် အီရန်၏ ခြိမ်းခြောက်မှုများ လျော့ကျ သွားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို မေးမြန်းခံရချိန်တွင် ဆာဘရီနာဆင်းဂျ်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၏ ခြိမ်းခြောက်မှုများ မပြောင်းလဲသရွေ့ အမေရိကန်နိုင်ငံသည် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ဆာဘရီနာဆင်းဂျ်က ထပ်မံသတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှူးအိုင်ဗန်တိုနေးကို ခေါ်ယူနိုင်ရန်အတွက် ပေါင်သန်း(၈ဝ)ပေးချေဖို့ ချဲလ်ဆီးအသင်း ပြင်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ