ထန်တလန်မြို့ပေါ်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်စဉ် ချင်းပူးပေါင်းအဖွဲ့မှ (၁၅)ဦးသေဆုံးခဲ့ဟု CDF အဖွဲ့ထုတ်ပြန်
မြူနစ် (NSS) - သြဂုတ် ၃၀
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ တပ်မတော်လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်စဉ် ချင်းပူးပေါင်းအဖွဲ့မှ(၁၅)ဦး သေဆုံးခဲ့ကြောင်း Chinland Defense Force-Thantlang အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ CDF ထန်တလန်အဖွဲ့က ယနေ့(သြဂုတ်လ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့များဖြစ်သည့် CNA ၊ CDF-Thantlang၊ CDF-Hakha နှင့် CDF-Zophei တို့သည် သြဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ထန်တလန်မြို့ပေါ်ရှိ တပ်မတော်လုံခြုံရေးအဖွဲ့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တပ်မတော်လုံခြံရေးစခန်းများကို ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့များက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်ကလည်း လေကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ရှိခဲ့ပြီး နှစ်ဖက်အကြားတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
ယင်းတိုက်ပွဲအတွင်း လုံခြုံရေးအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် သေနတ်(၅)လက်နှင့် ကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု CDF-Thantlang က ထုတ်ပြန်ထားသည်။
ထို့ပြင် တိုက်ပွဲအတွင်း CDF-Thantlang အဖွဲ့ဝင် (၄)ဦး၊ CNA အဖွဲ့ဝင် (၅)ဦး၊ CDF-Hakha အဖွဲ့ဝင် (၁)ဦးနှင့် CDF-Zophei အဖွဲ့ဝင် (၅)ဦး စုစုပေါင်း (၁၅)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အလားတူ ၎င်းတိုက်ပွဲအတွင်း တပ်မတော်ဘက်မှအဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း လက်နက်ခဲယမ်းအများအပြားကို သိမ်ဆည်းရရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နဲ့ဖြစ်လာနိုင်တဲ့ပဋိပက္ခတွေကြောင့် အနာဂတ်မှာ ဒရုန်းအစင်းရေထောင်ချီ ထုတ်လုပ်ဖြန့်ကြတ်ချနိုင်ဖို့ အမေရိကန်စစ်ဘက် ပြင်ဆင်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ